28

954 59 2
                                    

#Unicode


" ဂျက်ကီးရေ...ဂျက်ကီး...
ဟွန်း...ဒီကောင် ဘယ်ရောက်သွားပြန်ပီလဲ?...."

နေ့လည်စာ ကျွေးချိန်ဖြစ်တာကြောင့်
ဂျက်ကီးအား
လိုက်ရှာနေသောထယ်ယောင်း....

နောက်တော့မှ ဂျက်ကီးသွားနေကျနေရာတစ်ခုကိုသတိရပီး သွားရှာကြည့်လိုက်သည်။
ထိုနေရာကတော့ တခြားနေရာမဟုတ်
ကိုကို့အခန်းပဲဖြစ်သည်။

ဒေါက်...ဒေါက်...

"ဘယ်သူလဲ?...."

"ကျနော်ရယ်ကိုကို...."

ကျွီ.....

ထယ်ယောင်းအသံကြားမှ ပွင့်လာပီး
တံခါးရှေ့မှာပဲ ရပ်နေတဲ့ဂျောင်ဂု....

"ဆံနီ...မင်းကဘာလာလုပ်တာ?.."

"ဘာလာလုပ်ရမှာလဲဗျ  ဂျက်ကီးကို
နေ့လည်စာကျွေးမလို့လာခေါ်တာ...."

"ဂျက်ကီးကဒီမှာမရှိဘူး"

"လိမ်ပြန်ပီ....ကိုကိုအောက်တည့်တည့်လဲ
ငုံ့ကြည့်လိုက်အုံး..."

ထယ်ယောင်းပြောတဲ့အတိုင်းငုံ့
ကြည့်လိုက်တော့
ကြောင်ပေါက်ဂျက်ကီးက
သူ့ဂွကြားအောက်မှာ
ရောက်နေတာကြောင့်  ဂျောင်ဂုမှာ
မျက်စပစ်ပြပီး
အထဲပြန်ဝင်ခိုင်းလိုက်တော့သည်။

"မြှောင်....."

ထယ်ယောင်းကိုလဲတွေ့ရော ဂျက်ကီးမှာ
ဂျောင်ဂုကို ဂရုမစိုက်တော့ဘဲ
  ထယ်ယောင်းအား
အော်ပြကာ ချီခိုင်းနေတော့သည်။

"အိုက်ဂူး...ဂျက်ကီးလေးက
ဗိုက်ဆာနေပီနှော...
ဒီကပါပါးကကျွေးမှာပေါ့ဗျ 
လာသွားကြမယ်..."

ဂျက်ကီးကိုပွေ့ချီပီး အောက်ပြန်ဆင်းတော့မဲ့
ထယ်ယောင်းအား  ဂျောင်ဂုမှ တားထားပီး
ဂျက်ကီးကို ပြန်ခေါ်ဖို့လုပ်တော့သည်၊

"ဂျက်ကီး...ဒယ်ဒီနဲ့မနေတော့ဘူးလားကွ
ဆော့ကြမယ်လေနော်..."

"ကိုကို....နေ့လည်စာကျွေးချိန်ရောက်နေပီဗျ
မနှောက်ယှက်နဲ့တော့....

ပီးကျသူ့ပါပါးက ကျနော်လေဗျ...
ကိုကိုက ဘာဒယ်ဒီလဲ?..."

"အော....မင်းတောင်ပါပါးလုပ်သေးတာပဲ
ငါကဘာလို့ဒယ်ဒီလုပ်လို့မဖြစ်ရမှာလဲ?..."

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now