9

1.3K 74 1
                                    

#Unicode

"ခနနေကြပါအုံး...မင်းတို့ကအသိတွေလား?"

ထယ်ယောင်းမှ ယွန်းဂီနှင့်ရန်ဖြစ်နေသော
ဂျီမင့်ကို လှမ်းမေးလိုက်သည်။

"မဟုတ်ပါဘူး"

"ဘာမဟုတ်ဘူးလဲ နောက်ဆိုငါနဲ့တောင်
အတူလာနေရတော့မဲ့ စောက်ခလေးကများ"

"အယ် ရိုင်းလိုက်တာဗျာ မထင်ရဘူး
အကိုယွန်းဂီက လူကိုများစောက်ခလေးတဲ့"

"မဟုတ်လို့လားကွ"

ထယ်ယောင်းကသူတို့သိချင်တာကို
မေးလိုက်သည့်အတွက် အဖြေကို
စောင့်နေကြသော ဟိုဆော့နဲ့ဂျောင်ဂု...

ဒါကို ဟိုနှစ်ကောင်ရဲ့ စကားလုပွဲက
မပီးသေးတာမလို့ ဂျောင်ဂုမှာ
စိတ်မရှည်တော့ဘဲ ဖြတ်မေးလိုက်တော့သည်။

"ကဲတော်ကြပါတော့ကွာ သေချာရှင်း
အောင်ပြောစမ်းပါ ယွန်းဂီရ"

"ကျစ် ဒီလိုကွာ ငါ့ဖေဖေ
သူငယ်ချင်းရဲ့သားငါထိန်းရမယ်ဆိုတာက အဲ့စောက်ခလေးလေး"

"ဘာစောက်ခလေးလဲ
ပထမနှစ်ရောက်နေပါပီဗျ"

"အမလေး တော်ကြပါတော့ဗျာ
မင်းတို့ကြည့်ပြီး ငါတကယ်မူးလာ
ပီ ထိုင်မှာဖြင့် ထိုင်ပြီးပြောကြပါ။"

ဟိုဆော့ကပါ ဝင်ပြောလာတာမလို့
စကားသံတိတ်သွားပီး ထယ်ယောင်းနဲ့
ဂျီမင်မှာ ခုံအလွတ်လေးတွေယူကာ
တစ်ဝိုင်းထဲ ဝင်ထိုင်လိုက်ကြတော့သည်။

ခနလောက်ငြိမ်သက်ပီး
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လိုက်ကြသည်။

ထို့နောက် ထယ်ယောင်းမှ
ဂျောင်ဂုအား စကားစလိုက်သည်။

"ကိုကို ကျနော့်ကိုဘာလို့
ဒီဝိုင်းခေါ်တာလဲ?"

"ငါ့အတွက် စားစရာယူခိုင်းမလို့"

"ဘာကြီး !!!"

"ဟုတ်တယ်လေ အိမ်မှာ ငါစားနေကျကို
မင်းပဲသိတာမလား?"

ခုနက ယွန်းဂီတို့နှစ်ယောက် အခုလဲ
ဂျောင်ဂုတို့နှစ်​ေယာက်က ဘေးလူတွေ
ကိုဖယ်ကာ နှစ်ယောက်ထဲ စကားပြောနေပြန် သည်မလို့ ဟိုဆော့မှာ
ရှုံ့မဲ့ပီး ဝင်မေးတော့သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now