#Unicode
Canteenမှာ စားရင်းသောက်ရင်းနဲ့
စကားတွေပြောပီး ပွဲကျနေကြသော
ဂျောင်ဂုတို့ သူငယ်ချင်း သုံးယောက်နှင့်
ထယ်ယောင်းတို့သူငယ်ချင်းနှစ်ယောက်....."ဟဟ မင်းတို့မှတ်မိကြလား?...
အဲ့နေ့ကခလေးစုတ် ရှူးထွက်ကျတော့မယ်ပုံစံကိုလေ...
ဟားဟား""အကိုယွန်းဂီ ...တခြားအကြောင်း
ပြောနေတာကို
အဲ့ဒီအကြောင်းက ဘယ်ကပါလာတာလဲဗျ...""မျက်လုံးထဲပြန်မြင်လာလို့ပေါ့
ခလေးစုတ်ရာ
အဟစ်....""ဟွန့်....အကျင့်မကောင်းတဲ့ အကိုယွန်းဂီ.."
ယွန်းဂီရဲ့ ပြန်အစဖော်မှုကြောင့် ဂျီမင့်ရဲ့
အဲ့နေ့က ပုံစံကို အားလုံးရဲ့ မျက်လုံးထဲမှာ
ပြန်မြင်ယောင်လာပီး ပြိုင်တူရယ်မိကြတော့သည်။"ဟဟ အဲ့နေ့ကဆိုကွာ ကိုယ်ဒေါသထွက်
နေတာတောင်ပျောက်ပီး ရယ်ချင်သွားတာ
ဂျီမင့်ကြောင့်...""ဟွင်း...အကိုဟိုဆော့ကပါ
ကျနော့်ကိုစတယ်ပေါ့""ဟော မစတော့ပါဘူးဗျာ
စိတ်မဆိုးလိုက်ပါနဲ့
ရှူးစိုကောင်လေး...""ဟားဟား..."
"ဟာ...အကုန်လုံးပေါင်းပီး ကျနော့်ကို
အနိုင်ကျင့်နေကြတာ တော်ပီဘယ်သူ့
မှမခေါ်တော့ဘူး...ငထယ်စုတ် မင်းကလဲ ကိုယ့် သူငယ်ချင်း
ဖက်ကတော့ မရှိဘူးနော် ဟွန်း.."သူ့ကိုဝိုင်းစကြတယ်ဆိုပီး အကုန်လုံးကို
ပတ်ရန်တွေ့ကာ နှုတ်ခမ်းကြီး
စူပုပ်ထားတဲ့ ဂျီမင့်ကြောင့်
ကျန်တဲ့လူတွေမှာ လဲအရယ်မပြတ်
ကြတော့ပေ...ထိုအချိန်မှာပဲ ဟိုဆော့အတွက် ရင်းနှီးနေတဲ့
အခေါ်အေဝါ်ကို သူ့အနောက်မှ ခေါ်ဆိုလာတော့သည်။"ဟျောင်းပေါက်...."
ထိုနာမ်စားကို ကြားကြားချင်း
ဟိုဆော့တစ်ယောက် ရယ်နေရာမှရပ်သွားပီး
အလန့်တကြားလှည့်ကြည့်လာတော့သည်။"ကင်မ်..ကင်မ်နမ်ဂျွန်း....မင်းဒီကိုဘာလာလုပ်တာလဲ?.."
"မောင်ကထပ်တွေ့ချင်တဲ့လူပဲလေ
စုံစမ်းရတာပေါ့ဗျ.."
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]