12

1.2K 70 0
                                    

#Unicode

"ဟျောင့် ငထယ် ကျောင်းက ကလပ်တွေခွဲနေပီကွ  မင်းဘယ်ကလပ်ဝင်မှာလဲ?"

"ရေကူး"

"အာ...ဟုတ်သားပဲမင်းကရေကူးဝါသနာပါတာကို....."

"မင်းကရော....??"

"ငါကလား....??"

"မင်းမမေးလို့ ငါက
ဘယ်ခွေးသွားမေးရမှာလဲ?
ဒီနားမှာ ငါရယ်မင်းရယ်ပဲရှိတာလေကွ"

"ငယောင်း မင်းကတော့ကွာ
ငါ့မေးမှန်းတော့သိတာပေါ့ကွ
စကား ပလ္လင်ခံတာလေကွ..."

"မင်းကို လူပုသလောက် လျှာတော်တော်
ရှည်တယ် ပတ်ပုကျိ"

"ဟီးးးး...ငါလဲရေကူးကလပ်ဝင်မယ် မင်းနဲ့အတူ"

"ဟုတ်မှလဲလုပ် မင်းအရပ်လေးနဲ့ ရေနစ်လွယ်တယ်ကွ"

"ဒီ ငမျောက် ကတော့ ငါလုပ်လိုက်ရ"

ထယ်ယောင်းတို့မှာလဲ ရှိတော့သာ
သူငယ်ချင်းနှစ်ယောက်ထဲ တစ်ယောက်နဲ့တစ်ယောက်ကလဲ အချိန်ပြည့်မတည့်ကြပေ။

ထယ်ယောင်းနဲ့ ဂျီမင်အငြင်းပွားနေကြတုန်း
စီနီယာတွေမှ သူတို့ကလပ်တွေဆီဝင်ဖို့
တစ်ဖွဲ့ပီးတစ်ဖွဲ့လာမဲဆွယ်ကြတော့သည်။

ထယ်ယောင်းနဲ့ ဂျီမင်တို့က လာမဲဆွယ်တဲ့
ကလပ်တွေထဲမှ ရေကူးကလပ်မှာ စာရင်း
ပေးလိုက်ကြသည်။

နောက်ဆုံးမှာတော့ ထယ်ယောင်းတို့
အခန်းကို ဘတ်စကတ်ဘောကလပ်
အသင်းဝင် စီနီယာများ ရောက်ရှိလာကြသည်။အဲ့ဒီအထဲမှာမှ ကိုကိုနဲ့ သူ့ရဲ့
သူငယ်ချင်းတွေလဲပါလာကြသည်။

အခန်းထဲမှ မိန်းကလေး ယောကျာ်း
တော်တော်များများက
ဒီကလပ်ကိုစောင့်စားနေကြတာ
ပဲဖြစ်သည်။

ဘတ်စကတ်ဘောကလပ်က ကလပ်တွေ
အားလုံးထဲမှာမှ အဆင်အများဆုံးကလပ်ဖြစ်တာကြောင့် မိန်းကလေးများကငမ်းဖို့ရာအတွက် စောင့်စားနေကြခြင်းဖြစ်သည်။

ယောကျာ်းလေးများကတော့ ဘတ်စကတ်ဘောအသင်းက စီနီယာတွေက
မိန်းကလေးတွေကြား
နာမည်ကြီးကြတာကြောင့် သူ့တို့လဲ
စီနီယာများအကူဖြင့် နာမည်ကြီးချင်ကြသောကြောင့်ပဲဖြစ်ကြသည်။




⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now