8

1.2K 70 3
                                    

#Unicode

ကျောင်းသွားဖို့ရာအတွက်
ခြံဝမှာ ထယ်ယောင်းအားစောင့်နေသော
ဂျောင်ဂု.....

ငါးမိနစ်လောက်နေမှ ကပျာကယာဖြင့်
ဆံပင်အနီရောင်လေးများက ထိုးထိုးထောင်ထောင်နဲ့ ထွက်လာသော
ထယ်ယောင်း.....

"ဘာလို့နောက်ကျနေတာလဲ?!"

မျက်နှာတည်ကြီးဖြင့်မေးလာသော
ဂျောင်ဂုကြောင့်ထယ်ယောင်းမှာ
ပြန်ပီးရန်မတွေ့တော့ဘဲ သေချာလေး
ပြန်ဖြေလိုက်သည်။

"ဟို..ကျနော်အိပ်ယာထနောက်ကျ
သွားလို့"

"နောက်စောစောထလေ!!

ဘယ်ချိန်အိပ်တာမလို့?"

ကိုယ့်ဘာသာဘယ်ချိန်အိပ်အိပ်
သူနဲ့ဆိုင်တာကျလို့ လူကို
လာအော်နေတဲ့ ကိုကို့ကြောင့်
ထယ်ယောင်းမှာ အထွန့်တက်လိုက်သည်။

"ကိုကိုက ဘာလုပ်မလို့?"

"ငါမေးရင်ပြန်မမေးနဲ့!!

...... ဖြေ..!"

"ဟွန့် 1နာရီလောက်ထိပါပဲ"

"ဘာ!!

နောက်အဲ့လောက်နောက်မကျနဲ့"

"ဘာဖြစ်လို့?"

"ဒီနေ့လို နေ့တိုင်းစောင့်ရရင် မင်းကို
တစ်ယောက်ထဲပြစ်ထားခဲ့မှာ"

"ဟမ့် ထားပေါ့ ဘယ်သူကရော ကိုကိုနဲ့
အတူလိုက်ချင်နေလို့လဲ တီလေးက
လိုက်ခိုင်းလို့ပါနော် ဟွန်း"

"အော မင်းကပဲပြောရတယ်ရှိသေး

တက်တော့"

မတည့်အတူနေဆိုသည့်အတိုင်း
ကားထဲမှာ တစ်ယောက်တစ်လှည့်
မျက်စောင်းထိုးရင်းနဲ့ပဲ
ကားလေးဟာ ကျောင်းကိုရောက်သွား
တော့သည်။

တစ်ယောက်တစ်လှည့်
မျက်စောင်းထိုးတယ်
ဆိုပေမဲ့ ထယ်ယောင်းကသာ
တဖက်သက် ထိုးနေခြင်းဖြစ်သည်။



ဂျောင်ဂုက ထိုမျက်စောင်းထိုးနေတဲ့
အကောင်ပေါက်ကို အူယားလွန်းလို့
လှည့်ကြည့်သော်လဲ
ရုပ်တည်ကြီးနဲ့ပဲမလို့

ထယ်ယောင်းမှာ
သူ့ကို မျက်စောင်းထိုးပါတယ်ဆိုပီး
တလမ်းလုံး သူ့ဘက်ကအထင်နဲ့
တစ်ယောက်ထဲ ဂျောင်ဂုကို
မျက်စောင်းထိုးပြီး
လိုက်လာတာဖြစ်သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now