#unicode
ဟန်းနီးမွန်း နောက်ဆုံးနေ့ မနက်ခင်းပိုင်းတွင်
ဂျောင်ဂုထက် ဦးစွားနိုးလာပြီး တက်တက်ကြွကြွဖြစ်နေသော ထယ်ယောင်း..."ကိုကို ဒီနေ့မြင်းသွားစီးရမဲ့ ရက်နော်
ဟိ ဘယ်လိုဖြစ်မလဲမသိဘူး"
"ကိုယ့်ပေါက်စလေးက မြင်းတကယ်စီးချင်နေတာပဲ
မပင်ပန်းဘူးလားဆံနီရဲ့...မနေ့ကလဲ နေရာစုံပတ်ပြီး တွေ့သမျှအကုန်ပတ်ဝယ်ထားတာကို"
"ရတယ် ကျနော်ဘာမှမဖြစ်ဘူး
ကိုကိုပဲ မြင်စီးသင်ပေးမယ်ဆို မညစ်နဲ့နော်..."
"ဟုတ်ပါပီကွာ သွားကြမယ် လာ လာ"
ဒီလိုနဲ့ပဲ ထယ်ယောင်းတို့
လင်လင်နှစ်ယောက်
ဟိုတယ်ကနေထွက်လာပြီး မြင်းခြံဆီဦးတည်ခဲ့ကြတော့သည်။ဟီးးး....ဟီးးး...ဟီးးး
"ကိုကို မြင်းဟီးသံတွေကြားနေရတယ်
မြင်းခြံကို ရောက်တော့မှာထင်တယ်....""အင်း ရှေ့ဆိုရောက်ပီ
ဟိုရောက်ရင်ကိုယ့်စကား
နားထောင်နော် မြင်းတွေနားသိပ်မကပ်နဲ့
လူမယဉ်တဲ့မြင်းဆို ပေါက်စကို ထိခိုက်မိလိမ့်မယ်""ဟုတ်ကဲ့ပါ... ကိုကိုရဲ့ အမိန့်တော်
အတိုင်းပါဗျ"မှာစရာရှိတာမှာအပြီး ထယ်ယောင်းနဲ့
ဂျောင်ဂုလဲ မြင်းခြံဆီရောက်လာတာကြောင့် နှစ်ယောက်သား
ကားပေါ်ကဆင်းပြီး ခြံထဲကို ဝင်လာခဲ့လိုက်ကြတော့သည်။ဟီးးး.........
ဟီးး......
ထယ်ယောင်းတစ်ယောက်ကတော့ မြင်းဇောင်းထဲတွင် အရောင်အစုံအလင် အရွယ် အစားအစုံအလင်ဖြင့်
တွေ့လိုက်ရတဲ့ မြင်းတွေကိုကြည့်ကာ အံ့ဩနေတော့သည်။အရောင်အစုံအလင်ဆိုတာဟာ
အနက်ရောင် အဖြူရောင် အဝါရောင်စသဖြင့် ညိုရင့်ရင့်အရောင်တွေဖြင့်လိုက်ဖက်စွာ သူတို့တစ်ရပ်လောက်နီးပါး
မြင့်တဲ့ မြင်းများပဲဖြစ်သည်။များပြားလှတဲ့ မြင်းတွေကို မြင်ပြီး
ပါးစပ်လေးဟကာ မတ်တတ်မေ့နေတဲ့
အကောင်ပေါက်လေးအား
ဂျောင်ဂုမှ သတိလှမ်းပေးလိုက်သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]