#Unicode
ကြီးကြီးက သူ့ကိုစံအိမ်ကြီး၏
အနောက်ဘက်ကို ခေါ်လာခဲ့သည်......စံအိမ်ကြီးရဲ့အနောက်ဘက်ကို
ရောက်ရောက်ချင်း ထယ်ယောင်းတွေ့
လိုက်ရတာကတော့ သစ်သားဖြင့်
ဆောက်ထားသော နှစ်ထပ်အိမ်လေးဖြစ်သည်...."ထယ်လေးဒါကြီးကြီးနေတဲ့အိမ်လေ
သားနေဖို့အတွက် အပေါ်ထပ်မှာ
အခန်းပြင်ပေးထားတယ်....လာ""ဟုတ်....ကြီးကြီး.."
ထယ်ယောင်းလဲ အိမ်လေးအထဲကိုဝင်လာလိုက်တော့ အိမ်ကလေးကနေချင်စဖွယ်တော့ကောင်းသည်.....
ပရိဘောဂလဲ အစုံအလင်ရှိသည်။
ရေခဲသေတ္တာကအစ နေရာတကျထားပေးထားသည်။အကျယ်ကြီးလဲမဟုတ်သလို ကျင်းကျင်းကျပ်ကျပ်လဲ ဟုတ်မနေပါ.....
အိမ်လေးကိုလှည့်ပတ်ကြည့်ရှု့ပီး
ကားစီးလာရတဲ့ဒဏ်ကြောင့် ပင်ပန်းနေတာနဲ့သူနေဖို့အတွက်
ကြီးကြီးပြင်ပေးထားတဲ့ အခန်းကိုရောက်သွားချိန်မှာ...အဝတ်အစားတွေတောင်
နေရာမချနိုင်တော့ဘဲ
အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားရှာတော့သည်......တဖက် မှာ စံအိမ်ကြီးပေါ်က
ကောင်လေးတစ်ယောက်ဟာလဲ
သူ့အခန်းရဲ့ ပြတင်းပေါက်ကနေပီးတော့
ခြံအနောက်ဖက်ရဲ့ အိမ်လေးရှိရာကို
လှမ်းကြည့်နေတော့သည်...."ဝှါး....အင်း...ဗိုက်ဆာတာ"
ထယ်ယောင်းမှာအချိန်အတိုင်းတာ
တစ်ခုထိအိပ်လိုက်ပြီးမှ ဗိုက်ဆာလာတာကြောင့် နိုးကာ အောက်သို့ဆင်းခဲ့လိုက်သည်.......အောက်ရောက်တော့ မီးဖိုခန်းမှာ
အလုပ်ရှုပ်နေသော ကြီးကြီးကိုတွေ့လိုက်ရသည်...."ကြီးကြီး..."
"အော် ထယ်လေးနိုးလာပီလား.."
"ဟုတ်"
"ဗိုက်ဆာနေပီမလား ရောက်ကတည်းကအိပ်သွားတာဆိုတော့"
"ဟီး...ဟုတ်"
"ကြီးကြီးအဲ့ဒါဆိုထယ်လေးဖို့ ညစာပြင်လိုက်တော့မယ်နော် သွားထိုင်နေ..."
ကြီးကြီးပြောလိုက်သည့်ထဲတွင်
ညစာဆိုတာပါသွားသောကြောင့် အခုမှ ပတ်ဝန်းကျင်ကို သတိရဟန်ဖြင့်
အိမ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်. ..
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]