#unicode
"မင်းတို့အားလုံးကို အန်ကယ်
ကျေးဇူးတင်ပါတယ်
အန်ကယ့်သမီးလေးကမင်းတို့
အပေါ် မျက်နှာမဖော်ရက်စရာလုပ်ရပ်တွေလုပ်ထားပြီးတာတောင်
ဈာပနကိစ္စတွေထိ ကူညီပေးခဲ့ကြတဲ့အတွက်
အန်ကယ် ဘယ်လိုကျေးဇူးဆက်ရမလဲတောင်မသိတော့ပါဘူးကွာမင်းတို့လိုစိတ်သဘောထားပြည့်ဝတဲ့
လူငယ်လေးတွေအပေါ်မှ အန်ကယ့်သမီးကအမှားကြီးကြီး ကျူးလွန်ခဲ့တာကိုးး.....""ရပါတယ် အန်ကယ် ဒါကျနော်
တို့လုပ်ပေးသင့်တဲ့ကိစ္စတွေပါ""ဟုတ်တယ် အန်ကယ်အားနာ
စရာမလိုပါဘူး"ဂျောင်ဂုနဲ့ ယွန်းဂီတို့မှ ဟယ်နာ့အဖေအား ဘေးကနေနှစ်သိမ့်ပေးကြသည်
ထိုအချိန်မှာ တိုးငယ်စွာ ထွက်ပေါ်လာတဲ့ တောင်းပန်စကားလေးတစ်ခွန်း
"တောင်းပန်ပါတယ် ....
...............
အဲ့နေ့က အန်ကယ်တို့ရှိတဲ့ဆိုင်ထဲကို
ကျနော်သာဝင်မလာခဲ့ရင်
အကိုယွန်းဂီအဲ့ဆိုင်ထဲမှာ ရှိနေတာကို
သူသိခဲ့မှာမဟုတ်ဘူးအဲ့ဒါဆိုရင် သူကျနော်တို့နောက်ကို
လိုက်စရာကိစ္စလဲရှိလာမှာမဟုတ်ဘူး
ဒီလိုမျိုးတွေ ဖြစ်လာမှာလဲ
မဟုတ်လောက်ဘူးတောင်းပန်ပါတယ်
ကျနော်တို့အတွက်တော့ သူကရန်သူတစ်ယောက်ဖြစ်ပေမဲ့ အန်ကယ်တို့အတွက်
အဖိုးတန်ရတနာလေးဖြစ်တဲ့
သမီးလေးကိုဆုံးရှုံးစေခဲ့မိလို့ တကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်"ခုချိန်ထိကို သူ့ကိုယ်သူအပြစ်ရှိသလို
ခံစားနေရသေးတဲ့ ဂျီမင့်အား
ထယ်ယောင်းမှာ ပခုံးလေးကိုပုပ်ပြီး
နှစ်သိမ့်ပေးနေရှာသည်ထိုအချိန် ယွန်းဂီမှ ဂျီမင့်ဘေးရောက်လာပြီး လက်လေးကို သေချာဆုပ်ကိုင်ရင်းး
"မင်းအမှားမဟုတ်ပါဘူး ခလေးရာ"
ပထမဦးဆုံးအနေနဲ့ အကိုယွန်းဂီမှသူ့ကို
ခလေးစုတ်လို့မခေါ်တော့ဘဲ
ခလေးလို့ပဲခေါ်လိုက်တာကြောင့်
ဂျီမင့်ရင်ထဲမှာ နွေးထွေးသွားရသည်
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]