#Unicode
1 Week later.......
ဘာလိုလိုနဲ့ ထယ်ယောင်းတို့တွေ
ခရီးကနေပီး အိမ်ကိုပြန်ရောက်တာ
တစ်ပတ်ရှိသွားပီဖြစ်သည်။ဒီကြားထဲမှာ ထယ်ယောင်းလဲ
သူကြောင်တစ်ကောင်ကြောင့်
သေမလိုဖြစ်ခဲ့ရတာကို မေ့မေ့
ပျောက်ပျောက်ဖြစ်နေပီဖြစ်သည်။ဂျောင်ဂုတစ်ယောက်ကတော့
ထယ်ယောင်းကို ချောက်တွန်းတဲ့
ကိစ္စကို မင်ယွန်းဂီနဲ့အတူစုံစမ်းတာ
နောက်ဆုံး လာခေါ်တဲ့ကျောင်းသားကို
မိသွားတော့သည်။"မင်းလား !?
ထယ်ယောင်းကိုကြောင်နဲ့အတူ
တဲထဲထည့်ပိတ်ထားတာ""ဟုတ်..ဟုတ်တယ်"
"ဘာကိစ္စနဲ့ လုပ်တာလဲ ဟမ်!!?
ထယ်ယောင်းနဲ့မင်းရန်ငြိုးရှိလို့လား?မင်းခုလုပ်လိုက်တဲ့ ကိစ္စက သူသေသွားနိုင်တယ်ကွ"
ဂျောင်ဂုမှ ထိုကျောင်းသားရဲ့ ကော်လံအား
ဆွဲပြီး ဒေါသသကြီးဖြင့် စစ်မေးတော့သည်။"ဒီ..ဒီတိုင်း နောက်လိုက်တာ"
"ဘာ !!"
ခွပ် !!.
"အေး..အဲ့မှာနောက်ချင်အုံး!"
ခွပ်!! ခွပ်!
"သူများရဲ့ အကြောက်တရားကိုချနင်းပီး
နောက်ပြောင်ချင်အုံး"ခွပ်!!
"ဂျောင်ဂု...ရပ်တော့ လက်လွန်မယ်"
ဂျောင်ဂုရဲ့ လက်သီးလေးချက်စာပဲ
ရှိသေးတာတောင် ထိုးခံရတဲ့
ကျောင်းသားမှာမြော့မြော့လေး
ဖြစ်နေတာကြောင့်
ယွန်းဂီမှ ကြားကဝင်တားလိုက်သည်။ထိုကျောင်းသားက ထယ်ယောင်းနဲ့လဲ
ဘာမှရန်ငြိုးရန်စမှရှိဖူးသူ
မဟုတ်တာကြောင့်
တစ်ယောက်ယောက်က ခိုင်းမှန်းသိသာတာနဲ့ယွန်းဂီလဲဝင်မေးလိုက်သည်။"ဘယ်သူခိုင်းတာလဲ?..."
"ဟို..ဟို ဘယ်သူမှမခိုင်းပါဘူး
ကျနော့်ဘာသာအပျော်စလိုက်တာပါ""အပျော်ဟုတ်လား!!
ဟာ မင်းတော့ကွာ!!!"
"ဂျောင်ဂု ငါစဉ်းစားမိပီ သူ့ကို
လွှတ်ပေးလိုက်တော့"
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]