#unicode
ဂျောင်ဂုနဲ့ထယ်ယောင်းတို့နှစ်ယောက်
ဟန်းနီးမွန်း ခရီးစဉ်မှ အိမ်ကို
ပြန်ရောက်လာကြပီပဲဖြစ်သည်။ဧည့်ခန်းထဲတွင်....
"ဘယ်လိုလဲ ငါ့ကလေးလေးတွေ
ပျော်ခဲ့ကြရဲ့လား?..""ဟုတ် မာမီ "
"မာမီ့ရဲ့ သားမက်လေးရော
ပျော်ခဲ့ရဲ့လား သားကိုကိုက
အနိုင်ကျင့်တာဘာညာရောရှိလား?..""ဟင့်အင်း...မရှိပါဘူးမာမီ
ကိုကိုက သားကိုအရမ်း ဂရုစိုက်ပေးတယ်
ဟီးး""အမလေး အမလေး
ကျွန်မမှာတော့ ရန်တွေဘာတွေ
ဖြစ်နေမှာ စိတ်ပူနေရတာ ရှင်တို့က
အဆင်ပြေနေကြတာပဲ""ဟဟ ဘာကိစ္စနဲ့ ရန်ဖြစ်ရမှာလဲ မာမီရာ
သားမှာ သားယောက်ျားလေးပေါ်
ချစ်လို့တောင် မဝသေးတာကို""အေးပါ တော်ပါတော့ဟယ်
ဒါနဲ့ ဘယ်မှာနေကြမှာလဲ စဉ်းစားပြီးပြီလား?...
သားတို့ကို မာမီ လက်ဖွဲ့ထားတဲ့
အပန်းဖြေစံအိမ်မှာ သွားနေကြမှာလား""မဟုတ်ပါဘူး သားတို့ ဒီအိမ်မှာပဲ မာမီနဲ့
နေမှာလေ"ဂျောင်ဂုတို့မှ အိမ်မပြောင်းဘူးဟု
ပြောလာတာကြောင့် ဂျွန်သခင်မကြီးမှာ
အလွန်ဝမ်းသာသွားရသည်။ဒီကြားထဲမှာ သူ့ရဲ့သားနဲ့ သားမက်လေးတို့
အိမ်ပြောင်းသွားရင် ဒီစံအိမ်ကြီးမှာ
သူမတစ်ယောက်ထဲ ကျန်ခဲ့ပြီး အထီးကျန်မှာကိုလဲ တွေးပူနေခဲ့ရတာပဲဖြစ်သည်။"သားတို့နှစ်ယောက် ဟိုမှာထဲက
တိုင်ပင်ထားခဲ့ကြတာ ဒီမှာပဲ မာမီနဲ့အတူနေဖို့သားအခန်းကိုပဲ နည်းနည်း
ပြန်ပြင်ဆင်ပီး သားတို့နှစ်ယောက်ရဲ့
မင်္ဂလာဦးအခန်း လုပ်လိုက်တော့မယ်လေမာမီ့ကို တစ်ယောက်ထဲထားခဲ့ပြီး
အိမ်ပြောင်းဖို့ကျ သားစိတ်မချဘူး""မာမီ့ကို စိတ်မပူပါနဲ့ သားတို့
အဆင်ပြေသလိုသာလုပ်မပြောင်းဘူးဆိုရင်တော့
မာမီက ပျော်တာပေါ့ကွယ်"
![](https://img.wattpad.com/cover/327086210-288-k320612.jpg)
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]