#Unicode
ထယ်ယောင်းတစ်ယောက်
ခြံထဲမှာ အဝတ်လှန်းနေချိန်
ဂျီမင့်ဆီမှ ဖုန်းဝင်လာသည်။တီ..တီ..တီ
"ဟယ်လို ဘာလဲ!"
"ဟ ကိုယ့်သူငယ်ချင်းကဖုန်းခေါ်တာကို
အဲ့လိုကြီးပြန်ဖြေတယ်ရော""ဝက်ပု ငါစိတ်ကြည်နေတာမဟုတ်ဘူးနော်"
"ဟားဟား ထယ်ယောင်းရာ ငါသိပီးပါပီ
ပြန်ရောက်ရောက်ချင်း မင်းအတွက်
လက်ဆောင်ပါလို့ ဝင်ပေးရင်းနဲ့
အန်တီတို့ ပြောပြလို့မင်းကအခုသူများအိမ်မှာ အလုပ်သွား
လုပ် နေရတာပေါ့ဟုတ်လား ဟဟအဆင်ပြေရဲ့လားကွ ငါ့ရဲ့ငမျောက်လေး"
"ဒီ ဝက်ပုကတော့ အပြင်မှာသာရှိရင်
မင်းကိုဒီ့ထက်ပုအောင် ထုထည့်လိုက်တယ်
ဟွန်း""ရား!!
ငါ့များဝက်ပုတဲ့ ငါကတော့
ငါ့သူငယ်ချင်းလေး သူများအိမ်မှာ
အလုပ်လုပ်ရတာ အဆင်ရောပြေရဲ့
လားဆိုပီး လွမ်းလို့လဲ
ဖုန်းဆက်ရသေးတယ်"လူကိုမခံချင်အောင် လာစွပြီးတော့
ဇွတ်တွေ ဒရမ်မာခင်းပြနေတဲ့
ဂျီမင်ကြောင့် ထယ်ယောင်းလဲ
ဆက်မငြင်းချင်တော့တာနဲ့ လျှော့ပေးလိုက်တော့သည်။"အေးပါကွာ ငါမှားပါတယ် ထားပါတော့"
"ဒါနဲ့ ထယ်ယောင်း မနက်ဖြန် ပထမနှစ်
စတက်ရမှာနော်
မင်းကဘယ်လိုတက် မှာ""ဒီကနေပဲ တက်ရမှာပေါ့ဟ"
"အော် အေးပါ အဲ့တာဆို မနက်ဖြန်
ငါမင်းကို အတူတူ ကျောင်းသွားဖို့
လာစောင့်နေမယ်"ထယ်ယောင်းတစ်ယောက် ဂျီမင်က
လာစောင့်မည်ဆိုသောကြောင့်
ကျေနပ်သွားရသည်။သူ့ သူငယ်ချင်းလေးက သူနဲ့ကျောင်း
အတူတူ သွားချင်လွန်းလို့ကို
အခုသူနေနေတဲ့စံအိမ်ကြီးအထိ
လာစောင့်မည်မဟုတ်ပါလား.....ချစ်ဖို့ကောင်းလွန်းတဲ့ သူငယ်ချင်းလေး...
"အယ် ငါ့သူငယ်ချင်းကချစ်စရာကြီးပါကွာ
ဟီး... ဒါနဲ့မင်းက ငါအလုပ်လုပ်တဲ့အိမ်
ဘယ်မှာလဲသိလို့လား"
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]