43

623 31 0
                                    

#unicode

"မသွားပါနဲ့.....

ကိုယ့်ကိုခနလောက်ဖြစ်ဖြစ်တော့
အချိန်ပေးပါ

မင်းလက်ကလေးကို စိတ်ကျေနပ်တဲ့အထိ
ဆုပ်ကိုင်ထားခွင့်လေးတော့ပေးပါ"

စကားလဲပြောရင်း သူ့ရဲ့အရှေ့ကိုရောက်လာတဲ့ကိုကိုကြောင့် ထယ်ယောင်းမှာ သူ့ရဲ့မျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေကို
ကိုကိုမမြင်စေအောင် ခေါင်းငုံ့ချပစ်လိုက်သည်။

ဂျောင်ဂုတစ်ယောက် သူဆုပ်ကိုင်ထားတဲ့
ဆံနီရဲ့ လက်ကလေးကို  မျက်နှာ​ရှေ့ဆွဲယူကာ ခပ်ဖွဖွ အနမ်းပေးရင်း...

"ဘယ်လောက်တောင်မှ လွမ်းနေခဲ့ရလဲ...

ကိုယ်တကယ် မင်းမရှိရင် မဖြစ်ဘူးဆံနီ

အစားလဲကောင်းကောင်းမစားနိုင်ဘဲ
ညတွေမှာလဲအိပ်မပျော်ဘူးးး

ကိုယ့်ရင်ထဲက နှလုံးသားလေးက
ပျောက်ဆုံးနေသလိုမျိုး ကိုယ့်ရင်ခုန်သံတွေကိုလဲ မကြားရတော့ဘူး

မင်းမရှိဘဲ ကိုယ့်ဘဝကြီးက
ရှေ့ဆက်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး ထင်တယ်ဆံနီ..."

...........

တိတ်ဆိတ်သွားတယ်....

အရင်ကဆို သူ့ကိုစကားပြောခွင့်တောင် မပေးတတ်တဲ့ထိ  စကားများလွန်းတဲ့
ကလေးပေါက်စက အခုတော့လဲ
ခေါင်းကြီးကို ငုံ့ထားကာ  နှုတ်ဆိတ်လို့
နေပြန်တယ်။

မင်းရဲ့ ဒီလိုမျိုး ပြောင်းလဲသွားတဲ့
ပုံရိပ်တွေကို
ကိုယ် ဘယ်လိုစိတ်နဲ့ ကြည့်ရက်မှာလဲ.....

"ကိုယ်ထွက်မသွားမချင်း ဒီလိုကြီးပဲ
ခေါင်းငုံ့ထားတော့မှာလား?..."

ဘာမှတုံ့ပြန်မှုမရှိတဲ့ ထိုကလေးကို
ဂျောင်ဂုလဲ  မေးစေ့လေးအားကိုင်၍
မျက်နှာမော့စေလိုက်သည်။

မျက်နှာမော့မော့ချင်း အရည်ကြည်တွေဝေ့နေတဲ့ ကလေးရဲ့ မျက်ဝန်းတစ်စုံကို
မြင်တွေ့လိုက်ရတဲ့ ဂျောင်ဂုတစ်ယောက်
ရင်ထဲမှာ စူးကနဲ နာကျင်သွားရသည်။

"ကိုယ့်ကြောင့်လား?....တောင်းပန်ပါတယ်

မင်းစိတ်အနှောက်ယှက်အရမ်းဖြစ်နေရင် ကိုယ်ထွက်သွားပေးပါ့မယ်"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now