နိဒါန်း

10.8K 481 1
                                    

Unicode and Zawgyi

ကြယ်တာရာ အလင်းနှစ်များ,
ကွဲပြားသောအတိုင်းအတာအတွင်း တစ်ခုတည်းသောအရာ…

အဆုံးမရှိတောက်ပနေတဲ့ကြယ်ပင်လယ်ကြီး၏အလယ်တွင် သန့်စင်တဲ့အဖြူရောင်အာကာသယာဉ်က လွင့်မျောနေသည်။ယာဉ်အတွင်းပိုင်းကိုဝင်လိုက်သည်နှင့် အတွင်းပိုင်းသီးသန့်အခန်းတွေအပြင် အခြားအခန်းတွေကပါရောယှက်နေပြီး တော်တော်လေးကိုကျယ်ဝန်းသည်။

တစ်ပိုင်းကွေးမှန်နံရံများရှိသော အခန်းတစ်ခုတွင်ဆယ်ကျော်သက်တစ်ဦးသည် အိပ်မောကျနေသကဲ့သို့ ကွန်ရက်အတွင်းခန်းထဲတွင် လဲလျောင်းနေသည်။

သူသည် တကယ့်ကို လှပပြီးအပြစ်ကင်းစင်တဲ့လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ တိုတောင်းကာပျော့ပျောင်းတောက်ပြောင်နေသော သစ်အယ်သီးရောင်ဆံပင်ကညာဘက်တွင်အနည်းငယ်‌ရှည်နေပြီး ရွှေမှုန်ဖြူးထားသလို ဝင်းလက်နေသည်။

ပြန့်ကျဲနေသော ကြယ်အလင်းတန်း၏  မှောင်မိုက်သော အရိပ်သည် ထိုသူ့မျက်နှာပေါ်သို့ ကျလာသည်။ထိုသူ့အသားအရည်က ဖြူဖွေးသန့်စင်နေပြီး အိပ်ပျော်နေသည်ကပင် အလွန်မက်မောဖွယ်ကောင်းသည်။ ရှည်လျားသွယ်လျသော မျက်တောင်များသည် ပျက်စီးလွယ်သော လိပ်ပြာတောင်ပံများကဲ့သို့မျက်လုံးများကို ဖုံးအုပ်ထားကာ မျက်လုံးကိုဖွင့်လိုက်သောအခါတွင် ထိုမျက်လုံးများသည် မည်မျှလှပသင့်သည်ကို လူ‌တွေကိုမှန်းဆစေသည်။

ခဏအကြာတွင် ကောင်လေးသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ဒီလောက်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာတောင်မှ ထိုကောင်လေးရဲ့ အနက်ရောင်မက်မွန်ပန်းပွင့်မျက်ဝန်းတွေကြောင့်အံ့ဩနေရဆဲပင်။မျက်လုံးက ရေလိုကြည်လင်ပြတ်သားပြီး။မျက်လုံးထောင့်စွန်းလေးတွေက အပြုံးလို့မဆိုသာတဲ့ အပြုံးတစ်ခုရှိနေသည်။

သူစိတ်ကြည်နေပုံရပြီး ပါးစပ်ထောင့်ကအနည်းငယ်လှုပ်သွားပြီး လခြမ်းပုံသဏ္ဍာန်မျက်လုံးတွေက လူတွေရဲ့စိတ်ဝိညာဉ်ကို လှုပ်လုမတတ်ဖြစ်စေသည်။

"လင်… တာဝန် ကောင်းကောင်းမွန်မွန်ပြီးသွားပါပြီ"ချောင်ရှုအာက သူ့ဘေးမှာရပ်ကာ သူ့အတွက် network အခန်းကို ဖွင့်လိုက်တယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now