1.1 မြေအောက်သခင်ကြီးကိုဖြားယောင်းမယ်!

5.4K 421 5
                                    

ကုရီလင်ကုတင်ပေါ်ကနေနိုးထလာသည်။ကြည့်ရတာသူပထမကမ္ဘာထဲကိုရောက်လာပြီပဲ...

'233 အချက်အလက်'

[ရပါပြီ]

အခန်းထဲတွင် ကုရီလင်သာကြားနိုင်သည့် တုံ့ပြန်မှုတစ်ခုရှိသည်။ပြင်ပြလူတွေက အတုအယောင်ကမ္ဘာတွင် ဝိဉာဏ်ရေးရာအာကာသတစ်ခုကို ထပ်ပြီးဖန်တီးနိုင်သည်။233ဆိုသည်မှာ လွတ်လပ်သည့်စိတ်ပိုင်းဆိုင်ရာ စနစ်တစ်ခုပင်ဖြစ်သည်။အလွန်ပျင်းရိကာ ကြောင်နက်တစ်ကောင်လိုခန္ဓာကိုယ်နဲ့ဖြစ်ပြီး သူ့ကိုတော့ လိုအပ်တဲ့အခါမှသာပေါ်လာပြီးဝိဉာဏ်အနေနဲ့သာသူနဲ့စကားပြောခြင်းပင်။

ကုရီလင်စိတ်ထဲမှာသတင်းအချက်အလက်တွေတဖြည်းဖြည်းထွက်ပေါ်လာသည်။ဒါကခေတ်မှီကမ္ဘာတစ်ခုပင်။ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်နာမည်ကလည်း ကုရီလင်းပဲဖြစ်ပြီး Jနိုင်ငံမှာရှိတဲ့ ကုမိသားစုရဲ့ တစ်ဦးတည်းသောသားလည်းဖြစ်သည်။

သူ့မိသားစုရဲ့ချစ်မြတ်နိုးပြီးအလိုလိုက်မှုကြောင့်သူကအနည်းငယ်မာနကြီးကာပြောရဆိုရခက်သည့်သူတစ်ယောက်ဖြစ်လာသည်။သူ့အဖိုးက Jနိုင်ငံရဲ့အဆင့်မြင့် ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သည်။ အသက်အရွယ်ရင့်နေတဲ့ထိုသူမှာ သမီးတစ်ယောက်သာရှိပြီး သူ့ရဲ့ဇနီးက ဟိုးယခင်ကတည်းကဆုံးပါးသွားခဲ့သည်။

ထုံးစံအတိုင်း သူသည် သူရဲ့တစ်ဦးတည်းသော သမီးကိုအလွန်ချစ်သည်။ သူ့သမီးလေးက အနိုင်ကျင့်ခံရပြီး သူ့သမီးအတွက် စီးပွားရေးနားမလည်တဲ့ပန်းချီဆရာကိုလည်းသူ့သားမက်အဖြစ် ရွေးချယ်ခဲ့သည်။ သူ့အသက်မွေးဝမ်းကြောင်းကို သူ့ရဲ့တစ်ဦးတည်းသောမြေးဖြစ်တဲ့ ကုရီလင်ထံနှစ်တစ်ရာကြာတွင်လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့ပါတယ်။

မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်မွေးဖွားလာသူဖြစ်ပြီး မိသားစုက သာယာဝပြောပြီး လိုက်လျောညီထွေကာ ပျော်ရွှင်မှုရှိသည်ဟုဆိုနိုင်သည်။

ဒါကိုမြင်တော့ ကုရီလင်ကရယ်လိုက်သည်။
အိုး!ဒါတွေအားလုံးက ထင်ယောင်ထင်မှားတွေ!

အပေါ်ယံမှာတော့ ကုဖေဖေ လုခွန်းဖန်ကမွန်မြတ်သိမ်မွေ့တဲ့စာပေသမားတစ်ယောက်ဖြစ်သည်။ဒါ‌ပေမယ့်လက်တွေ့တွင် ထိုသူသည် စက်ဆုပ်ဖွယ်ကောင်းပြီးအရှက်မရှိသော လူကြမ်းတစ်ယောက်ဖြစ်သည်။ သူကကုမိသားစုရဲ့ငွေကိုသာစိတ်ဝင်စားခဲ့ပြီး ယောက္ခမဖြစ်သူရဲ့ တစ်ခြားအိမ်‌တော်မှသားမက်တွေနဲ့နှိုင်းယှဉ်ပြီးဝေဖန်ခံရတာကို မကျေမနပ်ဖြစ်နေသည်မှာကြာပြီဖြစ်သည်။ကုဖန်ရှင်းနဲ့လက်ထပ်ပြီးမကြာခင်မှာပဲ အပြင်မှာအငယ်အနှောင်းတစ်ယောက် ပြုစုပျိုးထောင်ခဲ့ပြီး သူ့ရဲ့တရားမဝင်သမီးလေးက ကုရီလင်ထက် တစ်နှစ်သာငယ်သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now