4.2

1.8K 289 10
                                    

Unicode and Zawgyi

ဇာတ်လမ်းကိုကြည့်ပြီးနောက် ပထမအချက်အနေနဲ့ဒီလူတွေသူ့ကိုဘာကြောင့်မကျေမနပ်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပြီးဒုတိယအနေနဲ့ လေးကမ္ဘာမှာသုံးကမ္ဘာကဘာလို့သူကမိန်းကလေးတွေနဲ့အတူရှိနေရတာလဲ?သောက်ကျိုးနည်းဇာတ်!ဗီလိန်ဆိုတိုင်း ဇာတ်လိုက်မကိုကြိုက်ရမှာလား?

233 :
[စိတ်အေးအေးထားဦး!နောက်ကျရင်လည်း ဇာတ်လိုက်မဆီကနေကိုယ့်လူကိုယ်ပြန်လုရဦးမှာ အင်း…ဇာတ်လိုက်ဆီကနေတောင်ဖြစ်ချင်ဖြစ်နေဦးမှာ!]

ကုရီလင် : '……'

အကျည်းထောင်ထဲကရက်အချို့ကအေးချမ်းနေတယ်။ဗန်ပိုင်းယားမုဆိုးတွေက သူ့ကိုမုန်းတီးကြပေမယ့်လည်းဒုက္ခတော့မပေးကြပေ။ဇာတ်လိုက်မရွဲ့ယူရှင်းကအခန်းထောင့်တွင်ကပ်နေ‌တယ်။သူမတွင်စိတ်ပျက်အားငယ်နေသည့်အခြေအနေရှိနေသော်လည်းသူမရဲ့နူးညံ့သိမ်မွေ့တဲ့မျက်နှာကိုမြင်နိုင်သေးတယ်။စုတ်ပြဲနေတဲ့အဝတ်အစားတွေမှတဆင့်သူမရဲ့ဖောင်းကားနေတဲ့ရင်သားကိုအတိုင်းသားတွေ့နေရတယ်။

ဗန်ပိုင်းယားမုဆိုးအမျိုးသားတွေကသူတို့အန္တရာယ်မကင်းတဲ့အခြေအနေမှာရောက်နေမှန်းသိသော်လည်း နူးညံ့တဲ့လေသံနဲ့သူမကိုနှစ်သိမ့်နေကြဆဲ။ကုရီလင်က အခုခန္ဓာကိုယ်မှာပရိုဂရမ်တစ်ခုထည့်ပေးဖို့233ကိုတောင်းဆိုလိုက်သည်။ဒါက အက်ဒဒ်ကသူ့ကိုရွေးပြီးကောက်ယူသွားတာကနေတားဆီးဖို့အတွက်ဖြစ်ပြီး သူ့ကိုအက်ဒဒ်စိတ်မဝင်စားစေရန်ဖြစ်တယ်။

တစ်ပတ်အကြာတွင် ဗီလိန်လော့ချိုင်၊အက်ဒဒ်နဲ့အခြားဗန်ပိုင်းယားမျိုးနွယ်၏အရာရှိများကသတ်မှတ်ချိန်အတိုင်းရောက်လာကြတယ်။ကုရီလင်နဲ့အခြားလူတွေကလက်ထိပ်အခတ်ခံခဲ့ရပြီးရှည်လျားတဲ့လူသွားလမ်းကိုဖြတ်ပြီးဧည့်ခန်းဆီခေါ်လာခြင်းခံကြရတယ်။

အခန်းထဲကိုဝင်သွားပြီးနောက် အုပ်ထိန်းသူတစ်ယောက်လိုပုံစံနဲ့ဗန်ပိုင်းယားတစ်ကောင်ကသူ့ရှေ့ကဆိုဖာမှာထိုင်နေတဲ့ဗန်ပိုင်းယားအုပ်ကြီးကိုကြည့်ကာ
"ဒါကအတားအဆီးကနေထွက်လာတဲ့အကျဉ်းသားတစ်အုပ်ပဲ!ရုပ်ကောအမူအရာကောအကုန်ကောင်းတယ်!ခင်ဗျားတို့စိတ်တိုင်းကျရွေးနိုင်တယ်!"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now