1.10

3.1K 357 1
                                    

နစ်ခ်က အနောက်မြောက်ကမ်းရိုးတန်းမှ ကုန်ပစ္စည်းတစ်သုတ်ကို ရှာဖွေနေသည်။ရှန်ကျင်းလင်၏တပ်ဖွဲ့များသည် Aနိုင်ငံတစ်ခုလုံးကို ဖြန့်ကျက်ထားပြီး သူက မြေအောက်ကမ္ဘာ၏ထိပ်ဆုံးတွင် အခိုင်အမာ နေရာယူထားသည်။ အရာအားလုံးကို အမြန်စီစဉ်ပြီး ရှန်ကျင်းလင်က နစ်ခ်ရဲ့ဝမ်းနည်းမျက်လုံးတွေကို အကြင်နာမဲ့စွာ မောင်းထုတ်လိုက်ပြီး ကုရီလင်လေးရဲ့နွေးထွေးဆဲ ခန္ဓာကိုယ်ကို ပွေ့ဖက်ဖို့ အိပ်ယာပေါ်သို့ ပြန်သွားခဲ့သည်။

ညနေရောက်မှ နှစ်ယောက်သား အိပ်ယာပျင်းရိစွာထကာ ညစာစားရန် ပြင်ကြသည်။

ဒီအချိန်မှာ ကုရီလင်ရဲ့ ဆဲလ်ဖုန်းမြည်လာပြီး တစ်ဖက်ကိုအံ့သြစွာနဲ့ဖုန်းပြန်ပြောတယ်
"ဟမ်? ဟုတ်ပြီ!!! ကျတော်ချက်ချင်းပြန်လာလိုက်မယ်"ဖုန်းချပြီးနောက် သူ စတင်ထုပ်ပိုးလိုက်သည်။

"ဘာဖြစ်လို့လဲ?"
ရှန်ကျင်းလင်ကသူ့ကို ပွေ့ဖက်လိုက်ပြီး နောက်ကနေ ပခုံးပေါ်‌ မေးတင်လိုက်တယ်။

ကုရီလင်ကသူ့ကို လှည့်ကြည့်ပြီး
"အဖိုးဆုံးသွားပြီလို့ အမေကပြောတယ် ငါ့ကိုလည်းပြန်လာခိုင်းတယ်။ဒီမှာ လုပ်စရာရှိသေးလား?အမေနဲ့တွေ့ဖို့ တရုတ်ကိုလိုက်ပြီးငါတို့အကြောင်းသိအောင်ပြောကြမလား?"

သူ့ချစ်သူက သူ့မိသားစုရှေ့မှာ သူတို့ရဲ့ဆက်ဆံရေးကို ဝန်ခံဖို့ မရှက်တတ်တာကိုမြင်တော့ သူ့ချစ်သူက သူ့ကို နှလုံးသားထဲက တကယ်ကို အသိအမှတ်တာဖြစ်လို့ သူ့ချစ်သူရဲ့ ရိုးသားမှုကို ကျေနပ်နေပြီး သဘာဝကျကျပင် သူ့ဘက်ကလည်းငြင်းဆန်ဖို့မရှိပေ။

အသုဘအခမ်းအနားတွင် ကုရီလင်ကဖန်အခေါင်းထဲတွင်အိပ်စက်နေသည့်သူ့အဖိုးကိုတွေ့သည်။Shopping Mallတွေရဲ့ ဩဇာအရှိဆုံးသူ ဇနီးနဲ့သမီးအပေါ်ညှာတာမှုအပြည့်ရှိတဲ့ထိုလူကအခုတော့ ဘာရောဂါအစအနမှမရှိ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပြီ။

သူက စည်းကမ်းတင်းကြပ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် မူလပိုင်ရှင်ကလေးဘဝက အနည်းငယ်ကြောက်ခဲ့တယ်။ဒါပေမယ့် ကုရီလင် Aနိုင်ငံမှာကျောင်းတက်နေစဉ် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့အဖိုးကကြင်နာနွေးထွေးခဲ့ပြီး နိုင်ငံရပ်ခြားမှာ အကူအညီလိုအပ်ရင်‌တောင်းဖို့ အမြဲ‌ဖုန်းဆက်မေးခဲ့တယ်။ဒီအဖိုးမှာချစ်ရမယ့်သူဆိုလို့ ဒီမြေးတစ်ယောက်ပဲရှိ‌တာလေ!

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now