4.6

1.7K 252 13
                                    

Unicode and Zawgyi

ကုရီလင်ကသူ့လက်ချောင်းတွေကိုရွေ့ကာသက်ပြင်းချရင်း
"ကျတော့်နာမည်အရင်းကအန်ဒရီရှုဝမ် ကျတော့အဖေနာမည်က ကျောင်းခယ်ဝမ်"

လော့ရဲ့မျက်ဝန်းလေးတွေကအံ့အားသင့်စွာပြူးကျယ်လာတယ်။

'ဝမ်'မျိုးရိုးအမည်က ‌‌'ချိုင်'မျိုးရိုးနာမည်နဲ့ဗန်ပိုင်းယားမျိုးနွယ်တွင်ယှဉ်ရပ်ဖြစ်တယ်။မျိုးနွယ်စုအရေအတွက်နည်းပါးပြီးမွေးဖွားမှုန်းနည်းပါးတာကြောင့်လွန်ခဲ့တဲ့ဆ်ူနှစ်ကျော်ကပျောက်ကွယ်ခဲ့တဲ့ဗန်ပိုင်းယားမျိုးနွယ်စုရဲ့မင်းမျိုးမင်းနွယ်မြို့စားကျောင်းခယ်ဝမ်ရှိခဲ့ဖူးသည်။သူပျောက်ဆုံးသွားပြီးနောက်မှာ ဝမ်မိသားစုကအကြီးအကဲအမြောက်အများက ပိုင်ဆိုင်မှုအမြောက်အများကိုစီမံခန့်ခွဲလျက်ရှိပြီး အခြားမိသားစုဝင်တွေကလည်းထိုပိုင်ဆိုင်မှုတွေကိုစောင့်ကြည့်နေကြတယ်။

ကုရီလင်ကဆက်လက်ပြီးပြောပြခဲ့တယ်
"အဲ့ဒီအချိန်တုန်းကလူတွေနဲ့ဗန်ပိုင်းယားတွေအကြားစစ်ပွဲကမစသေးဘူး၊အဖေကအမေ့ကိုချစ်ခဲ့ပြီး အမေကလူသားတစ်ယောက်မို့ဒီချစ်ခြင်းကသူ့မျိုးနွယ်တွေကလက်မခံမှာကိုသိတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကခိုးပြေးဖို့ကြံစည်ပြီး ကမ္ဘာ့အဂှေ့ဘက်စွန်းကိုပြေးခဲ့ကြတယ်။ကျတော့အဖေကအာသာကိုနှစ်ခုခွဲနိုင်ခဲ့ပြီးအဲ့ဒီအာကာသအပေ့်ကန့်သတ်မှုအမျိုးမျိုးကိုချမှတ်နိုင်ခဲ့တယ်။အဖေကသူ့ဘဝရဲ့အကြီးဆုံးအာကာသကိုဖန်တီးဖို့နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်၊အတားအဆီးတွင်းကကမ္ဘာကတကယ်တော့အဖေဖန်တီးထားတဲ့နေရာတစ်ခုပဲ၊လူသားတွေမှာ သာလွန်စွမ်းအင်ဆိုတာဘာမှမရှိဘူး ကျတော့အဖေကလည်းလူသားတွေအပေါ်ကိုစိတ်မပူခဲ့ဘူး။ဒါကြောင့်ဗန်ပိုင်းယားမျိုးနွယ်တွေပဲဝင်လို့မရအောင်လုပ်ခဲ့တယ်။အဲ့တာကသူ့ဘဝအတွက်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အရာတစ်ခုဆိုလည်းဟုတ်တယ်။နောင်တရစရာတွေကဖြစ်လာခဲ့တာ… …ဗန်ပိုင်းယားနဲ့လူသားတွေအကြားစစ်ပွဲတွေဖြစ်ပွားခဲ့ကြပြီးလူသားမျိုးနွယ်တွေကရှုံးနိမ့်ပြီးအရှေ့ဘက်စွန်းစွန်းကိုထွက်ပြေးပြီးအတားအဆီးကိုဝင်ရောက်ပြီးကျတော့မိဘတွေရဲ့
ငြိမ်းချမ်းတဲ့ဘဝကိုဖျက်စီးခဲ့ကြတယ်"
ဘုန်းတော်ကြီးတွေကကျတော့ကိုသနားခဲ့ကြတယ် ဒါမှမဟုတ်ရင်လည်းကျတော်က‌သွေးနှောမို့အနာဂတ်မှာဗန်ပိုင်းယားတွေကိုတိုက်ခိုက်ဖို့ကူညီပေးနိုင်တာကြောင့်လည်းဖြစ်နိုင်တယ်။မွေးကင်းစဖြစ်တဲ့ကျတော့ကိုပြုစုပျိုးထောင်ပေးပြီးပညာသင်ပေးပြီးကျတော့ကိုဗန်ပိုင်းယားမုဆိုးတစ်ယောက်အဖြစ်မွေးထုတ်ပေးခဲ့ကြတယ်။ကျတော့မိဘတွေကိုသွေးသားရင်းတွေကဖမ်းသွားကြတယ်လို့ပြောပြီး သတ်ပစ်လိုက်ကြတယ်။သူတို့ကကျတော်မသိဘူးလို့ထင်နေကြပြီး သွေးနှောဖြစ်တဲ့ကျတော်ကဗန်ပိုင်းယားတွေလိုပဲငယ်ငယ်တည်းကသတိရှိ‌တာကြောင့်သိနေခဲ့တယ်"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now