5.10

776 108 6
                                    

"လာ…အိမ်ပြန်ကြစို့ ဂရိ…ငါဒီည အသားကင်စားချင်တယ်။ဒီတစ်ခေါက်တော့ မီးမကျွမ်းစေနဲ့တော့…ရှောင်ဟေးအတွက်လည်းငါးချက်ပေးလိုက်ပါဦး…ဪ…ပြီးတော့နွားနို့ကောပဲ"

ဂရိတယ်က စိတ်လှုပ်ရှားနေဆဲဖြစ်သည့်သူ့သခင်လေးကိုကြည့်ကာ
"သခင်လေး ပျော်နေတာလား?"

ကုရိလင်သည် ဂရိတယ်ဆီမှာတစ်ခုခုလွဲနေပြီကို သတိပြုမိကာ မျက်မှောင်ကြုတ်လိုက်၏။
"မင်းဘာဖြစ်နေတာလဲ?"

သူစောနကအရမ်း အိုအိုစီ(out of character)ဖြစ်သွားလို့များ ဂရိတယ်ကသူ့ကိုသံသယဝင်နေတာလား?

"မင်း စိုင်ရယ်ကိုကြိုက်နေတာလား?!"

သူ၏ဖိစီးနေတဲ့စိတ်ခံစားမှုတွေက ထိုအခိုက်အတန့်မှာ ထွက်ပေါက်တစ်စုံတစ်ရာကိုတွေ့ခဲ့သည့်နှယ်။ဂရိတယ်က ဝမ်းနည်းကြေကွဲစွာနဲ့ သူ့‌အရှေ့ကစိတ်လှုပ်ရှားနေတဲ့သခင်လေးကိုကြည့်ရင်း သူ့ရဲ့ယဉ်ကျေးတဲ့အသွင်အပြင်က လုံးဝပျောက်ကွယ်သွားခဲ့သည်။

ကုရီလင်မှာ အံ့ဩလွန်းလို့ ပါးစပ်ဟောင်းလောင်းဖြစ်သွား၏
"ဘာလို့ ဒီလိုထင်ရတာလဲ"

ဂရိတယ်သည် ရုတ်တရက် ရထားလုံးထဲမှာထိုင်‌နေသည့်ကုရီလင်ကိုအနိုင်ကျင့်တော့သည်။ဘေးနှစ်ဖက်လုံးကို လက်ထောက်ကာ ကုရီလင်ကိုသူ့အလယ်တည့်တည့်တွင်ဖမ်းချုပ်ထားလိုက်သည်။ကုရီလင်သည် စွဲဆောင်မှုရှိတဲ့ယောက်ျားဟော်မုန်းတွေကသူ့ဆီပျံ့လွင့်လာတာကြောင့် နည်းနည်းစိတ်ရှုပ်သွားရ၏။မှုန်မှိုင်း‌ဆာ‌လောင်နေတဲ့သားရဲလိုမျိုး ဂရိတယ်ဆီကနေ အရူးအမူးစွပ်စွဲခံနေရလေ၏။

"မင်းသူ့ကိုမကြိုက်ရင် ဒိုင်ယာနာရှေ့မှာ ဘာလို့သူ့ကိုချီးကျူးနေတာလဲ?ကျွန်လေလံပွဲတုန်းက သူနဲ့အချိန်ကောင်းလေးဖြစ်ခဲ့တာကကော?သူနဲ့ကယ်လီကိုဘာလို့စောင့်ကြည့်နေတာလဲ?ဒိုင်ယာနာနဲ့အတူတူ သူနဲ့ကယ်လီကို ဖြတ်ခိုင်းဖို့လည်းအားတက်သရော်ပဲ စိုင်ရယ်ကိစ္စကမင်းနဲ့ဘာဆိုင်နေလို့လဲ! "

ဂရိတယ်သည် ဒေါသထွက်လွန်းလို့ တုန်လှုပ်နေ၏။လက်လှမ်းကာ ကုရီလင်၏နူးညံ့သိမ်မွေ့ပြီး အံ့ဩနေသည့်မျက်နှာလေးကို ညင်ညင်သာသာ ပွတ်သပ်လိုက်၏။ဒေါသတွေဖျေ‌ဖြောက်ပြီးနောက် သူ့စိတ်ထဲမှာ ဝမ်းနည်းမှုကတရိပ်ရိပ်ထိုးတက်လာသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now