1.8

3.1K 390 4
                                    

လက်မောင်းမှာ စီးကျနေတဲ့သွေးတွေကိုမြင်တဲ့အခါ ကုရီလင်ကမျက်မှောင်ကြုံ့တယ်။
"မင်းဘာလို့ထပ်ပြီးဒဏ်ရာရလာရတာလဲ?"

ရှန်ကျင်းလင်မသိစိတ်ကပင် အမှားတစ်ခုခုလုပ်ထားတဲ့ကလေးလေးတစ်ယောက်လို ချက်ချင်းသူ့လက်ကိုကျောနောက်ကိုပို့လိုက်တယ်။
"ငါအဆင်ပြေပါတယ် ဒဏ်ရာနဲနဲလေးရလာတာပါ"
ကာစီနိုမှ အလုပ်မှထွက်ပြီးနောက် သူ့အနာဂတ်ဘဝက အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်နေသင့်တယ်။

"ဒီမှာနေကတည်းက ဒဏ်ရာရတာ ဒါပထမဆုံးတွေ့ဖူးတာမို့လို့လား?ပြောစမ်းပါဦး??ငါ့ဘာသာငါ မုန့်အေးဆေးစားခွင့်မပေးဘူးလား?"
ကုရီလင်ကဒီလိုတွေပြောနေပေမယ့် ဖြစ်သမျှအကြောင်းအကောင်းမှတ်ကာ ဆေးသေတ္တာကိုပဲသွားယူပြီး ရှန်ကျင်းလင်ကို ဆိုဖာပေါ်ဆွဲခေါ်လိုက်ပြီးဆေးထည့်ပေးတယ်။

"အာ…ရပါတယ် ငါကဒီလိုပဲဒဏ်ရာရနေကျမို့လို့ပါ"
ဒဏ်ရာကိုဆေးထည့်လိုက်တဲ့အခါ နာကျင်တာကြောင့်လေအေးအနည်းငယ်ရှူရှိုက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေကအနည်းငယ်မြင့်တက်ကာ ရေးတေးတေးပြုံးနေတယ်။

[ရှန်ကျင်းလင်၏နှစ်သက်မှု +3 ။ အခု 75ပါ]

ဒဏ်ရာဆေးထည့်ပေးပြီးနောက် ကုရီလင်ကအခန်းထဲဝင်သွားကာ ဗူးတစ်ဗူးကိုကိုင်ပြီးပြန်ထွက်လာပြီး သူ့ကိုပစ်ပေးသည်။
“မွေးနေ့မှာ ပျော်ရွှင်ပါစေ”

ရှန်ကျင်းလင်ခဏအံ့အားသင့်သွားပြီး လက်ဆောင်ကိုဂရုတစိုက်လေးကိုင်လိုက်သည်။သူ့မျက်လုံးတွေကအံ့ဩမှုတွေပြည့်နေပြီး အသံကလည်းအနည်းငယ်တုန်တုန်ယင်ယင်ဖြင့်
"ငါ့ကိုမွေးနေ့လက်ဆောင်ပေးတာ??"

ချူးယွဲ့ရှင်းကလွဲလို့ဘယ်သူကမှသူ့မွေးနေ့ကိုသတိမရကြသလို မွေးနေ့လက်ဆောင်ဆိုတာလည်းမပေးကြပေ။ဘယ်သူမှသူ့ကိုဂရုမစိုက်ဘူးလို့ပြောလို့ရတယ်!ကုရီလင်ကတကယ်ကြီးမှတ်မိနေတာလား?

ကုရီလင်က "အမ်း"တစ်လုံးပဲဖြေသည်။တကယ်တော့သူလည်းအပြစ်နဲနဲရှိတယ်လေ!လက်ဆောင်ကသူပြင်တာမဟုတ်ဘဲ မူလပိုင်ရှင်က ပြင်ထားတာပင်။ဒါပေမယ့်လည်း အခုသူက အခုမူလပိုင်ရှင်ဖြစ်ပြီး မူလပိုင်ရှင်ကလည်းသူပဲလေ!သိပ်ထွေထွေထူးထူးကြီးတော့လည်းမဟုတ်ပါဘူး!

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now