5.6

846 111 3
                                    

Unicode

ဒိုင်ယာနာကို ကူညီပေးပြီးနောက် ကုရီလင်ကရထားလုံးပေါ်သို့ပြန်တက်ကာ ဒီကမ္ဘာကြီးကိုဆက်လက်စူးစမ်းရှာဖွေဖို့အသင့်ဖြစ်လို့နေပြီ။

ခဏအကြာတွင် ရထားလုံးကိုရပ်ခိုင်းလိုက်ပြီး ဝေလာ့ဒ်မိသားစု၏ပိုင်ဆိုင်မှုတိုင်းကိုကြည့်ရှုသည်။စတိုးဆိုင်အများစုသည် ကောင်းကောင်းမွန်မွန်လည်ပတ်နေကြသလို ဆိုင်တာဝန်ခံတွေကသူတို့ကိုလေးစားသမှုနဲ့ဆက်ဆံသော်လည်း ထိုလေးစားမှုအများစုက ဂရိတယ်၏အရည်အချင်းကြောင့်ဖြစ်သည်။လေးစားမှုအများစုက ထိုလေးစားဖွယ်ရာလူအတွက်သာထားရှိပြီး အရည်အချင်းမရှိသည့်သခင်ငယ်လေးအတွက်မူအနည်းငယ်သာသီးသန့်ပါဝင်သည်။

ဂရိတယ်သည်ကုရီလင်၏အမူအရာကိုဂရုတစိုက်စောင့်ကြည့်နေတာဖြစ်သည်။ထိုဆိုင်တာဝန်ခံက သခင်လေးအပေါ်သူ၏ဂရုမပြုမိတဲ့သဘောထားကြောင့် သခင်လေးစိတ်တိုဒေါသဖြစ်မည်အားကြောက်ရွံ့နေတာပင်။စိတ်ထဲပူပန်နေရင်း သူ့ကိုယ်သူသာ နှာခေါင်းရှုံ့လိုက်မိသည်။

ကုရီလင်ကသက်ပြင်းချကာ ရုတ်တရက်ကြီး ဂရိတယ်ကိုစိတ်မဆိုးချင်တော့။
"ဂရိ မင်းဒါတွေအများကြီးကိုလုပ်ဖို့ တော်တော်လေးအားစိုက်ထုတ်ခဲ့ရတယ်မဟုတ်လား?"

ဂရိတယ်ကသခင်လေး၏ကျောပြင်ကိုတစ်ခဏလောက်ကြည့်ပြီးနောက် သူ့မျက်ဝန်းများက မျက်ရည်ပေါက်ထွက်လုမတတ်နာကျင်သွားသယောင် တိုးတိုးလေးပြောသည်။
"မခက်ခဲပါဘူး သခင်လေးအတွက်ဆိုရင်အရာအားလုံးကထိုက်တန်ပါတယ်…"

ဂရိတယ်သည်အခုအချိန်လောက် ကျေနပ်မှုမျိုးကိုတစ်ခါမှမခံစားခဲ့ရဖူးပေ။ကန္တာရထဲ လေးလံတဲ့အထုတ်ကြီးကိုထမ်းလို့ ခရီးဝေးတစ်ခုကိုလမ်းလျောက်သွားနေရသည့်သူအတွက်က ခြေဖဝါးကိုကျောက်ခဲတွေဆူးဝင်နေသော်လည်း ဒီခရီးဟာထိုက်တန်၏မထိုက်တန်၏ကိုသူမသိခဲ့ သူမတွေးခဲ့။လမ်းအဆုံးတွင် သူလက်လှမ်းမှီနိုင်သည့်ထိုလူသားက ရုတ်တရက်လှည့်ကာ ဝမ်းနည်းနူးညံ့သည့်မျက်ဝန်းတွေနဲ့သူ့ကိုကြည့်ကာ
"မင်းရဲ့ကြိုးစားအားထုတ်မှုတွေကိုငါသိပါတယ် မင်းကိုတကယ်ကျေးဇူးတင်တယ်"
ထိုစကားလေးတစ်ခွန်းကပင် ထိုသူအဖို့ ပျော်လွန်းလို့မျက်ရည်ကျလောက်ပေသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now