5.2

1.4K 236 15
                                    

Unicode and Zawgyi

"သခင်လေး နိုးပြီလား"
ကုရီလင်မျက်လုံးဖွင့်လိုက်တာနဲ့ အခြားကျွန်တွေလို ရိုကျိုးနှိမ့်ချတဲ့မျက်ဝန်းတွေနဲ့ ဂရိတယ်က အနားမှာ တလေးတစားရပ်နေတာကိုတွေ့ရသည်။နက်ရှိုင်းတဲ့မေတ္တာသက်ဝင်နေတဲ့ကျွန်တစ်ဦးအနေနဲ့ သူရဲ့သခင်ငယ်ကိုတစ်သက်လုံးချစ်သော်လည်း အဆုံးထိ ကိုယ့်ကိုယ်ကိုယ်ဆွဲချပြီးသေသည်အထိ သူချစ်တဲ့သခင်လေးကို သူ့နှလုံးသားကိုထုတ်ဖော်မပြနိုင်ခဲ့ချေ။

ကုရီလင်က ကြည့်ရင်းကြည့်ရင်းမျက်ဝန်းတွေကပျော့ပြောင်းလာပြီး ပြုံးကာ
"အင်း ငါနိုးနေပြီ"

ဂရိတယ်က လူငယ်လေး အရမ်းပျော်ရွှင်စွာပြုံးနေတာကိုတွေ့ရသဖြင့်အံအားသင့်ပြီးခေါင်းထောင်ကြည့်ကာသူ့မျက်ဝန်းတွေက အနည်းငယ်နီရဲနေခဲ့သည်။သခင်လေး သူ့ကိုရိုးရိုးသားသားပြုံးပြခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ?လှပတဲ့အပြုံးလေးကြောင့် ဂရိတယ်က ထိုအပြုံးအတွက် အရာအားလုံးနဲ့လဲပေးချင်စိတ်ဖြစ်ပေါ်နေလေသည်။

ကုရီလင်ကရှက်ကိုးရှက်ကန်းနဲ့ပြန်ကြည့်လိုက်သည်။သူနည်းနည်း အိုအိုစီ(out of character)ဖြစ်သွားသလိုပဲ!

ရုတ်တရက် ပန်းတွေချုံပုတ်တွေကြားကနေဖြတ်သွားသည့် သစ်ကိုင်းသစ်ရွက်တွေ၏ပွတ်တိုက်သံကိုကြားလိုက်ရတယ်။အနက်ရောင်အမွှေးတွေနဲ့မျက်ဝန်းစိမ်းနဲ့ကြောင်တစ်ကောင်က တစ်လှမ်းချင်းစီလှမ်းလာခဲ့ပြီး ကုရီလင်၏ခြေဖဝါးကိုပွတ်သပ်ကာ အမြီးကိုလည်း ဘယ်ညာခါရမ်းနေသည်။

233က ချစ်ဖို့ကောင်းအောင်လုပ်ပြနေတာကငါ့ကိုအသေသတ်နေတာပဲ!ကုရီလင်က233ကို သူ့ရင်ခွင်ထဲပိုက်ကာ သဘောတကျနဲ့ချော့လိုက်ပြီးမှ မူလပိုင်ရှင်ရဲ့ မောက်မာတဲ့ပုံစံကိုအတုယူလိုက်ပြီး
"အဟမ်း! ဆောရီး....ငါသူ့ကိုမွေးချင်တယ်"

ဂရိတယ်ကမျက်မှောင်ကြုတ်ပြီး
"သခင်လေး ကြောင်တစ်ကောင်မွေးချင်တယ်ဆိုလည်း အဆင့်အတန်းနဲ့ထိုက်တန်တဲ့ အဖိုးတန်မျိုးသန့်ကြောင်တစ်ကောင်ကိုရွေးလို့ရပါတယ်။ဒီလိုမျိုး ဘယ်ကမှန်းမသိတဲ့တောရိုင်းကြောင်ကိုမမွေးသင့်ပါဘူး"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now