3.9

1.9K 277 3
                                    

Unicode and Zawgyi

လအနည်းငယ်အတွင်း ဖန်ရှုတိန်က 'နတ်ဆိုးများ၏အောင်နိုင်သူစစ်တပ်'ကိုဦးဆောင်ကာ ကျင်းချွမ်းမြို့အပြင်ဘက်ငိုရောက်လာကြသည်။အနောက်တိုင်းဒေသများရှိနတ်ဆိုးဂိုဏ်းများအပြင် အလယ်ပိုင်းလွင်ပြင်ရှိ နတ်ဆိုးဂိုဏ်းအားလုံးနီးပါးကို 'နတ်ဆိုးများ၏အောင်နိုင်သူစစ်တပ်' မှ သုတ်သင်ခဲ့သည်။လွန်ခဲ့သည့်လအနည်းငယ်အတွင်း ချန်အန်းဂိုဏ်း၏အခြားနေရာများမှနတ်ဆိုးဂိုဏ်းများစွာကိုလည်း သိမ်းပိုက်ခဲ့သည်။ချန်အန်းကနတ်ဆိုးဂိုဏ်းဆိုပေမယ့်ကောင်းကင်ဘုံနဲ့ဥပဒေကိုလိုက်နာပြီးတစ်ဦးတစ်ယောက်ကိုမှနာကျင်အောင်မလုပ်ကြပေ။သူတို့ရဲ့ဆွေမျိုးတွေကသာမာန်လူ‌များဖြစ်ကြပြီးအပြစ်မဲ့စွာ သတ်ဖြတ်ခံခဲ့ရသည်။ဖန်ရှုတိန်နဲ့သူ့စစ်တပ်ကိုအလွန်မုန်းတီးကြပြီးသူတို့ကိုလက်စားချေမည်ဟုကတိပြုကာ ချန်အန်းဘုရားကျောင်းဆီသို့ဆန္ဒအလျောက်ဝင်ရောက်ခဲ့ကြသည်။

ခေါင်းဆောင်ရဲ့ဘဝအရေးပါတဲ့ပွဲကလွဲလို့အေးအေးလူလူနေကြတဲ့‌ဂိုဏ်းသားတွေကနောက်ဆုံးတော့ တင်းမာမှုတစ်ခုကိုခံစားခဲ့ကြရသည်။တခစ်ခစ်ရယ်သံတွေကနည်းပါးလာပြီးလူတိုင်းကလေးနက်သောအမူအရာများဖြင့် ၎င်းတို့ပတ်ဝန်းကျင်မှာခုခံကာကွယ်မှုတွေကလည်းသိသိသာသာပိုမိုတင်းကျပ်ထင်ရှားလာသည်။

ဒီနေ့မှာတော့ ဖန်ရှုတိန်က လူတိုင်းကချန်အန်းကျောင်းတော်ဆီခေါ်လာခဲ့သည်။

တောင်ပေါ်ကိုတက်လာကြတဲ့လူအုပ်ကြီးကိုကြည့်ပြီး ဂိုဏ်းသားတွေကကြောက်ရွံ့သည့် အမူအရာမျိုး မပြကြပေ။ကောင်းစွာ လေ့ကျင့်သင်ကြားပေးပြီး သူတို့၏ တာဝန်များကိုထမ်းဆောင်ကြသည်။‌အမြှောက်တွေမီးမြှားတွေနဲ့ပစ်ခတ်ကြပြီးအတွင်းအားလှိုင်းတွေတစ်ခုပြီးတစ်ခုထုတ်လွှတ်ကြသည်။

ဒါပေမယ့်လည်း ကိုယ်ခံပညာသင်ထားတဲ့လူတွေနဲ့စစ်တပ်နဲ့တိုက်ပွဲကမတူညီပေ။စစ်တပ်သည် အနိုင်ရရန် ကိန်းဂဏန်းများနှင့်နည်းပရိယာယ်များကို အားကိုးရပြီး ကိုယ်ခံပညာရှိတဲ့လူများသည် ဖွဲ့စည်းမှု၊ ဓားနှင့် စွမ်းရည်တို့ကို အားကိုးကြသည်။ အချို့သော သန်မာသူများသည် တိုက်ပွဲ၏ရလဒ်အပေါ် သြဇာကြီးမားကြသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now