2.9

2.6K 343 9
                                    

Unicode and Zawgyi

အခန်းထဲတွင် နက်မှောင်တဲ့အနီရောင် ကန့်လန့်ကာများ ချိတ်ဆွဲထားပြီး အလင်းရောင်ကိုပိတ်ဆို့ထားကာ မျက်နှာကျက်ပေါ်ရှိ စွမ်းအင်ချွေတာသော မီးအိမ်မှ ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုတည်းကသာလင်းနေပြီး အနည်းငယ်မှိန်နေပုံရသည်။

တစ်ခုခုလုပ်လို့ကောင်းတယ်!!... ဖော်မပြတတ်စရာပဲ!

အခန်း၏အလယ် အိပ်ယာဖြူဖြူထက်တွင် ညအိပ်ဝတ်စုံနဲ့ကောင်လေးတစ်ယောက်ကလဲလျောင်းနေပြီး အိုမီဂါရဲ့မွှေးကြိုင်တဲ့ရနံ့တချို့ထွက်နေတယ်။

ဆယ်ကျော်သက်အရွယ် အနက်ရောင်ဆံပင်တိုတိုက ပျော့ပျောင်းပြီး ပန်းပွင့်များကဲ့သို့ နူးညံ့တဲ့အနီရောင်နှုတ်ခမ်းရှိတယ်။သူ့မျက်လုံးများကို အနီရောင်ပိုးပဝါများဖြင့် ဖုံးအုပ်ထားပြီး လှပပြီး ပျက်စီးလွယ်သည့်ပုံစံပင်။အသားအရည်က အကောင်းမွန်ဆုံး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး ခြေလက်များကို ကုတင်ခေါင်းရင်းတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရတယ်။အေးစက်နေသော သံကြိုးတွေကသူ့ရဲ့ဖြူစင်တဲ့အသားအရေနဲ့ယှဉ်ကာ ဝမ်းနည်းဖွယ်ဆန္ဒတွေကကိုနှိုးဆွပေးပြီး ပိုလို့ပင်ဆွဲဆောင်မှုရှိစေတယ်။

ဗစ်တာက ကုတင်အစွန်းတွင်ထိုင်ကာ သူ့လက်ထဲရှိဝိုင်ခွက်ကို ညင်သာစွာလှုပ်ယမ်းပြီး ကုတင်ပေါ်ကလူရဲ့ အိပ်စက်နေသောအသွင်အပြင်ကို တိတ်တဆိတ်ကြည့်ရှု‌နေတယ်။သူ့ရဲ့နက်နဲသောမျက်လုံးများတွင် ဖိနှိပ်ထားသောအချစ်များကထင်းနေတယ်။

ဆယ်မိနစ်အကြာတွင် ကုရီလင်က ညည်းညူရင်း သူ့လက်မောင်းကို အနည်းငယ် ယမ်းလိုက်ရာ သံကြိုးပွတ်သံက သူ့ကို ထိတ်လန့်သွားစေတယ်။သူထထိုင်ပြီး ကြည့်လိုက်တော့ သူ့မျက်လုံးတွေကို ပိုးပဝါနဲ့ ဖုံးအုပ်ထားတာ တွေ့လိုက်ရတယ်။ဒါက အခန်းတစ်ခန်းဖြစ်ပြီး အခန်းထဲက ကုတင်ပေါ်မှာ ပိတ်မိနေတယ်ဆိုတာကို သူ ယောင်ဝါးဝါးမြင်နေရတယ်။

လက်တစ်ဖက်က သူ့အင်္ကျီထဲကို ရုတ်တရက်ရောက်လာပြီး အေးစက်တဲ့ အထိအတွေ့ကြောင့်ကုရီလင်တုန်လှုပ်သွားတယ်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးပြီးမေးလိုက်တယ်
"ဗစ်တာ?"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now