3.3

2K 292 8
                                    

Unicode and Zawgyi

ဆယ်နှစ်တာအချိန်ကလျှပ်တစ်ပြက်အတွင်းကုန်လွန်သွားကာ မြစ်များနှင့် ရေကန်များ၏ငြိမ်သက်နေသော အသွင်အပြင်အောက်တွင် ရေလှိုင်းများ တဟုန်ထိုး တက်လာသည်။

"ကြားပြီးကြပြီလား?ချန်းခံတပ်ဆီကို ချန်အန်းဂိုဏ်းကလူအုပ်ကြီးကကဝိုင်းထားတယ်တဲ့ !ချန်းမိသားစုတစ်ခုလုံးကိုဖျက်စီးပစ်ချင်နေကြတာလေ!!"

"ဟုတ်တယ် ကံကောင်းထောက်မစွာပဲ အလှမယ်လေးလင်းကချန်းကျာပေါင်ကိုကယ်တင်ဖို့အချိန်မှီရောက်လာခဲ့တာကွ"

"သခင်မလေးလင်းကတော့ကွာ တကယ့်ကိုယောက်ျားတွေရဲ့အမှီလိုက်နိုင်တာကွ!လှတဲ့အပြင် သန်မာပြီး ကိုယ်ခံပညာကလည်းကျွမ်းပါ့!အရေးကြီးဆုံးအချက်က သူမကသတ္တိရှိပြီး တကယ့်ကိုချီးကျူးစရာပဲ!"

ချန်အန်းဘုရားကျောင်းက လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ဖြတ်သွားဖြတ်လာတွေ မျက်စိကျဖို့အတွက်
တည်ထောင်ခဲ့တာဖြစ်သည်။ကျင်းဟူနတ်ဆိုးဂိုဏ်းဆိုတဲ့ထိပ်တန်းနေရာကိုရယူဖို့အတွက် ချန်အန်းဂိုဏ်းက သုံးနှစ်သာအချိန်ယူခဲ့ရသည်။ထိုအချိန်တွေအတွင်းမှာ ချန်အန်းရဲ့ရက်စက်ပြီးမိုက်မဲတဲ့အကျင့်စရိုက်ကိုလူတိုင်းကဝေဖန်ခဲ့ကြသည်။တချိန်တည်းမှာပင် ရှီမိသားစုကိုသတ်ဖြတ်ခဲ့တဲ့ ဝတ်ရုံနက်အုပ်စုကလည်းသဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူ့ကိုအေးစက်ပြီးရိုင်းစိုင်းတယ်လို့ဝေဖန်ကြတဲ့သူတွေကိုချန်အန်းကလှောင်ပြောင်လိုက်သည်။သူ့မိသားစုပျက်စီးသွားတုန်းက ဘယ်မိသားစုတစ်စုကများလာကူညီဖူးလို့လဲ?သူ့အကြောင်းကို‌ဘယ်သူဘာပြောပြောသူကဂရုမစိုက်ပေ။သူကြောက်တဲ့အရာ၊သူဂရုစိုက်တဲ့အရာက သူမတစ်ယောက်ထဲပင်...

ကံတရားသမီးတော်ဖြစ်သူလင်းကျိုးရှီက ငယ်ရွယ်တဲ့ကလေးမလေးကနေ သေးသွယ်တဲ့မိန်းမလှလေးအဖြစ်ကြီးပြင်းလာခဲ့သည်။လွန်ခဲ့တဲ့ခုနှစ်နှစ်ကသူမရဲ့ဖခင်လင်းရှောင်းကကိုယ်ခံပညာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးသူမကလည်းလူတိုင်းရဲ့အမြင်အာရုံထဲကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။သူမ၏ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာနှင့် လှပတဲ့အသွင်အပြင်ကြောင့် ကျော်ကြားပြီး 'ကမ္ဘာတစ်ဝှမ်းရှိ အလှဆုံးအမျိုးသမီး' အဖြစ် လူသိများသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now