5.11*

811 94 4
                                    

!This part is not suitable for children.!

ဂရိတယ်သည် ကုရီလင်၏ပြုံးနေသောမျက်နှာလေးက အံ့ဩစွာနဲ့ကြည့်နေ၏။
"ဒီနေ့…ဒီနေ့ကိုယ့်မွေးနေ့လား?"

ဒီနေ့ကအမှန်တကယ်ပင်သူ့မွေးနေ့ဖြစ်၏။သူ့မွေးနေ့ဘယ်နေ့ဆိုတာကိုမမှတ်ထားတဲ့သူဖြစ်တာကြောင့် သူလုံးဝမမှတ်မိတာဖြစ်သည်။

"ဟုတ်တယ်…ဒီနေ့ကမင်းမွေးနေ့။တစ်ယောက်ယောက်ကို မင်းရဲ့မွေးရပ်မြေကိုပြန်ပြီးစုံစမ်းခိုင်းလိုက်တာလေ။အဲ့ဒါမို့ ဒီနေ့ကမင်းမွေးနေ့မှန်းငါသိတာ။ပြီးတော့ မင်းရဲ့မွေးနေ့မှာမမေ့နိုင်စရာမွေးနေ့လက်ဆောင်တစ်ခုပြင်ဆင်ထားတယ်။ငါ့မွေးနေ့မရောက်ခင်မင်းမွေ့နေ့ကအရင်ပဲ။ငါ့မွေးနေ့မတိုင်ခင် ငါ့ဆုတောင်းကိုဖြည့်ပေးဖို့ကြိုပြင်ထားနော်။အခုကစပြီး…မင်းရဲ့မွေးနေ့တွေကိုငါကိုယ်တိုင်ကျင်းပပေးမယ်။မင်းရဲ့ကျန်‌နေတဲ့သက်တမ်းတစ်လျောက်လုံးရဲ့မွေးနေ့တိုင်းမှာငါရှိနေမယ်။"

"သခင်လေး…"
ဂရိတယ်၏အသံကတုန်နေသည်။သူ့နှလုံးသားထဲက ကုရီလင်ကိုချစ်တဲ့စိတ်ကိုခုခံကာကွယ်ထားသည့်အတားအဆီးဟာလည်း ကုရီဟင်၏နူးညံ့သိမ်မွေ့သည့်အသံအောက်တွက် တဖြည်းဖြည်းပြိုကွဲသွားတော့၏။

ကုရီလင်က ဂရိတယ်၏မေးစေ့အား ပင့်လိုက်သည်။သန့်စင်တဲ့မျက်ဝန်းပြာတွေက လူတွေကိုတကယ်စုပ်ယူညှို့ယူနိုင်စွမ်းရှိတဲ့မှော်အစွမ်းရှိပုံပင်။ထို့နေုက်အသံကိုနှိမ့်ကာဖြင့်
"ကဲ……မင်းရဲ့ပထမဆုံးမွေးနေ့လက်ဆောင်ကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား?"

ပြောပြီးနောက် ကုရီလင်သည် ဖန်ခွက်ထဲရှိဝိုင်နီကိုတစ်ကျိုက်သောက်လိုက်ပြီးနောက် တုန်လှုပ်နေသည့်ဂရိတယ်၏နှုတ်ခမ်းထက်ဆီသို့နှုတ်ခမ်းတင်လိုက်ပြီးနောက် လျှာဖျားကိုရှေ့သို့တွန်းကာ ဝိုင်နီတွေကိုဂရိတယ်၏ပါးစပ်ထဲသို့ တွန်းပို့လိုက်သည်။မရေမရာလေထုနဲ့ စောနကချစ်ကြောင်းဝန်ခံမှုသည် ဂရိတယ်အတွက် သတ္တိတွန်းအားတစ်ခုဖြစ်လာခဲ့သည်။နောက်ဆုံးအခေါက်ကလို ကုရီလင်၏လျှာကိုအဝင်မခံဘဲသွားတွေကိုတင်းတင်းကြပ်ကြပ်အံကြိတ်ထားမည့်အစား နှုတ်ခမ်းတွေကို အားယူကာ စိုစွတ်နေသောအနမ်းကိုတုံ့ပြန်ဖို့ အကောင်းဆုံးကြိုးစားသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now