2.10

2.6K 341 3
                                    

Unicode and Zawgyi

ကုရီလင်ကနောက်တစ်နေ့နေ့လည်ခင်းအထိကို အိပ်နေတယ်။အိပ်ယာကနိုးတဲ့အခါသူ့ကျောပြင်ကနာကျင်နေပြီးလှုပ်တောင်မလှုပ်နိုင်ဘူး။အိပ်ယာပေါ်ကြိပြန်လှဲကာညီးညူပြီး ဗစ်တာ့ကိုလက်ဖက်ရည်ရယ် ရေရယ်ယူလာခိုင်းလိုက်တယ်။

ကုရီလင်ကထိုကောင်လေးကိုချန်ထားခဲ့တာမဟုတ်ပေမယ့် ထိုငတိလေးကတော့သူ့ကိုနှုတ်ဆက်စကား ဟဲလိုလေးတောင်မပြောဘဲနဲ့ ကိုဟန်ကနေ ဂလိုရီအထိကို တစ်ကိုယ်လုံးကိုချုပ်ပြီးဖမ်းပစ်လိုက်တာကြောင့် ကုရီလင်ကနည်းနည်းတော့မပျော်မရွှင်ဖြစ်နေတယ်။ဒါပေမယ့် ဗစ်တာကသူ့ကိုဘယ်လောက်တောင်ဂရုစိုက်လိုက်လဲဆိုတာမြင်ပြန်တော့ အိပ်ယာပေါ်ကနေမျက်စောင်းထိုးရင်း ပြုံးရီနေပြန်တယ်။

ဆက်တိုက်ဖြစ်လာနေတော့တာပဲ။ဘာပဲဖြစ်ဖြစ်လေ အရင်ကတည်းကသူက ဂလိုရီမြို့ကိုသွားမယ်လို့စီစဉ်ထားတာ။ဒါပေမယ့် အဲ့တာကအချိန်အတိုင်းအတာတစ်ခုထိပါပဲ!

ဒါ့အပြင် ဒီဘဝမှာဗစ်တာက ဂလိုရီမြို့က ဒူးဘယ်မိသားစုကိုတိုက်ရိုက်မပြန်ခဲ့ဘူး။လက်ရှိ ဒူးဘယ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့သူ့အဖေလို့ပြောတဲ့သူကို ပြောခဲ့တာက သူအိမ်ပြန်လာမယ့်တစ်ခုတည်းသောအခြေအနေက အပြင်မှာတစ်ယောက်တည်းနေဖို့ပင်။ထိုလူကလည်းသူပြန်လာရင်ပြီးကောဆိုကာ ချက်ချင်းသဘောတူလိုက်တယ်။

တစ်ဖက်မှာတော့ ဗစ်တာကသူနဲ့ကုရီလင်နှစ်ယောက်တည်းသာပိုင်ဆိုင်တဲ့အိမ်တစ်လုံးလိုချင်တာကြောင့်တကိုယ်ကောင်းဆန်ဆန်တောင်းဆိုလိုက်တာဖြစ်ပြီးတခြားတစ်ဖက်မှာက သူကအရင်ဘဝထက်ရင့်ကျက်လာပြီး သူသာအဲ့ဒီကိုသွားမယ်ဆိုရင် အဲ့ဒီကလူ့ဘီလူးတွေနဲ့တိုက်ပွဲကဝင်ရဦးမယ်!အဲ့ဒီမကောင်းတဲ့လူတွေနဲ့သူကဘာမမဆိုင်သော်လည်း ကုရီလင်က သူ့ကိုဝင်မပါစေချင်ဘူး။

ဒီလိုအမှန်တရားကို ကုရီလင်ကဘယ်လိုလုပ်နားမလည်ဖြစ်ရမှာလဲ?သူက Glory Military Academy ကိုဝင်ပြီးတာနဲ့ကုမိသားစုနဲ့ဆက်ဆံရေးကိုလုံးဝဖြတ်တောက်ဖို့စဉ်းစားလိုက်တယ်။သူတို့ရဲ့ဆက်ဆံရေးက ဒူးဘယ်မိသားစုကော ကုမိသားစုနဲ့ပါဘာမှမဆိုင်ဘူး!

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now