3.2

2K 289 2
                                    

Unicode and Zawgyi

တစ်နှစ်နှစ်ရဲ့နောက်ဆုံးသောရက်ဖြစ်တဲ့ချမ်းအေးသောဆောင်းရာသီမှာ ဆီးနှင်းတွေကထူထပ်စွာကျနေကြသည်။အေးစက်တဲ့ လေတွေက လူတွေရဲ့အဝတ်အစားတွေပေါ်မှာလှည့်လည်နေပြီး ကျင်းချန်မြို့ရဲ့မူးမတ်တွေက
တန်ဖိုးကြီးအဝတ်အစားတွေကိုအစောကတည်းက ဝတ်ဆင်ထားခဲ့ကြတာဖြစ်သည်။နှစ်သစ်ကူးနီးကပ်လာသည်နှင့်အမျှ အိမ်တိုင်းအိမ်တိုင်း မီးပုံးအနီများ ချိတ်ဆွဲထားကြပြီး အစားအသောက်တွေကိုချက်ပြုတ်လို့ ထွက်လာတဲ့ရနံ့တွေကအိမ်အပြင်ဘက်မှာလွှမ်းခြုံနေပြီး ချမ်းအေးလွန်းတဲ့‌နေ့ဖြစ်တာတောင် အိမ်ရဲ့နွေးထွေးမှုကိုခံစားကြရသည်။

"ဒီသူတောင်းစားက ဘယ်ကလာတာလဲ?"
ကျင်းချန်မှာရှိတဲ့ အသားတွေနဲ့ပြည့်နေတဲ့သူဌေးဝဝကြီးတစ်ယောက်က ကန်ထုတ်လိုက်ပြီး သူတောင်းစားကောင်လေးကမြေပြင်ပေါ်မှာ ခြေလှမ်းအနည်းငယ်အကွာလောက်အထိလိမ့်သွားသည်။ထိုလူဝကြီးက သူ့ပါးစပ်ထဲကတံတွေးနဲ့ထွီခနဲထွေးလိုက်ပြီး
"ငါ့ဘေးနားကနေဝေးဝေးသွားစမ်း!ဒါကဘယ်လောက်တန်လဲသိလား? မင်းကိုအဲ့တာရောင်းရမယ်ဟုတ်လား? တတ်လည်းမတတ်နိုင်ဘဲနဲ့ကိုများ!"

မြေပြင်ပေါ်သို့ လဲကျသွားသော သူတောင်းစားကလေး ဗီလိန်ဖြစ်သူ ရှီချန်အန်းဖြစ်သည်။ယခုအချိန်က ရှီမိသားစုဖျက်စီးခံရပြီးတစ်နှစ်ကျော်အချိန်ဖြစ်ပြီး ရှီမိသားစုရဲ့သခင်ငယ်လေးက အခုအခါမှာညစ်ပတ်ပေရေနေပြီး ရုပ်လုံးပင်မပေါ်တာကြောင့် အနှိမ်ခံနေရတော့သည်။

ဝတ်စုံနက်နဲ့လူတွေကိုရှောင်ရှားဖို့အတွက် အနောက်ဘက်ကကျင်းချန်မြို့ကိုထွက်လာခဲ့တာဖြစ်ပြီး ဝတ်စုံနက်နဲ့လူတွေဆီကနေအဖမ်းခံရမှာကိုကြောက်ရွံ့တာကြောင့် သူ့နာမည်ကိုဘယ်သူကိုမှမပြောရဲပေ။လမ်းတစ်လျှောက်မှာ အမှိုက်ပုံးထဲက ကောက်လာတဲ့ အမှိုက်လိုစားစရာတွေကိုသာစားပြီး အစုံအပြုံလိုက်သင်္ချိုင်းအတွက်းက လူသေတွေရဲ့အဝတ်အစားကိုယူကာဝတ်ဆင်ရသည်။သူ့ရဲ့ဂုဏ်သိက္ခာတွေကိုမထောက်ထားတော့ဘဲ လူစုလူဝေးနေရာတွေမှာတောင်းရမ်းစားသောက်ဖို့လုပ်ပေမယ့် အပြန်အလှန်အနေနဲ့ စော်ကားရိုက်နှက်ခြင်းကိုသာခံခဲ့ရသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now