2.6

2.6K 365 0
                                    

(Unicode and Zawgyi)
အဖြူရောင်ရှပ်အင်္ကျီအပေါ်မှာ ဆီစက်အချို့မှောက်ကျသွားတာမို့ ကုရီလင်ကဲ့မျက်နှာ‌အမူအရာက ချက်‌ချင်းအေးစက်သွားတယ်။ထမင်းစားပွဲကို လက်တစ်ဖက်ထောက်ပြီး တင်ပါးအနည်းငယ်လွှဲကာမောက်မာတဲ့မျက်နှာထားနဲ့‌ဘေးနားလာထိုင်တဲ့ အယ်လ်ဖာကို မော့ကြည့်လိုက်တယ်။

ဗစ်တာကလည်းတူကိုချလိုက်ပြီး ထိုလူကိုကြည့်ရင်းမျက်နှာကမည်းမှောင်လာတယ်။

"မနေ့က ကျောင်း‌ပေါက်ဝမှာအီသန်ကိုအနိုင်ကျင့်တာ မင်းပဲလား?" မနေ့ကမွန်းလွဲပိုင်းကာအီသန်ကကုရီလင်ရှေ့မှာဖြူစင်အပြစ်ကင်းနူးညံ့ဟန်ဆောင်ပြီး ကုရီလင်ရဲ့လှောင်ပြောင်ခြင်းခံခဲ့ရတဲ့အဖြစ်အပျက်ကို ထိုအယ်လ်ဖာကပြန်မေးနေခြင်း။

ကုရီလင်ကလည်း ထိုအယ်လ်ဖာကိုလှောင်ပြောင်နေတယ်။
"အဲ့တော့ဘာဖြစ်လဲ?"

အယ်လ်ဖာသည် ဆိုးသွမ်းသော အပြုံးပြုံးကာ
"ဒါဆိုငါ‌တောင်းပန်ပါတယ်ကွာ"
သူက သူ့နောက်က တခြား အယ်လ်ဖာကို မျက်စိမှိတ်ပြပြီး ထိုအယ်လ်ဖာကလည်းသဘောတူသလိုခေါင်းညိတ်ပြကာ ကုရီလင်မျက်နှာပေါ်ကို ရေနွေးတစ်ခွက် မြန်မြန်လောင်းချလိုက်တယ်။

ကုရီလင်ကရှောင်ပြေးဖို့လုပ်လိုက်ပေမယ့် အရပ်မြင့်မြင့်လူတစ်ယောက်ကသူ့ရှေ့မှာဝင်ရပ်လိုက်တယ်။

ဗစ်တာကကုရီလင်ရှေ့မှာအလိုလိုရပ်မိနေလျက်သားပင်။ကုရီလင်ကသူ့စိတ်ကောနှလုံးသားထဲမှာပါ အရမ်းအရေးကြီး‌တဲ့နေရာကိုသိမ်းပိုက်ထားတာဖြစ်ကြောင်းကိုသူဝန်ခံရပေမည်။

ကုရီလင်ကသူ့ကိုလမ်းကြားလေးထဲမှာကယ်တင်ပြီး သူ့အိမ်မှာနေခဲ့တဲ့အချိန်ကတည်းက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာဗစ်တာကသိတယ်။

ကုရီလင်က အရမ်းကိုတောက်ပလွန်းပြီးပြည့်စုံလွန်းတယ်။သူ့အကြောင်းကိုတကယ်သိလာတဲ့အခါ ဘယ်သူကမှသူ့ကိုမချစ်ဘဲနေနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး!ဗစ်တာကလည်း တခြားသူတွေလိုဆိုပေမယ့် ပြီးပြည့်စုံတဲ့ကုရီလင်ကသူ့ကိုပြန်နှစ်သက်မှာမဟုတ်တာကို အသေအချာသိတယ်။သူကခွန်အားလည်းမဲ့သလို အနိုင်အမြဲအကျင့်ခံရတဲ့ စွမ်းအားမဲ့အယ်လ်ဖာတစ်ယောက်ဖြစ်တာကြောင့် ကုရီလင်ရဲ့စေတနာတွေကိုအမြဲတမ်းပစ်ပယ်ချပြီးခပ်ဝေးဝေးနေတယ်။စေတနာကောစိတ်ထားကောကောင်းတဲ့ကုရီလင်ကိုသူ မလိုချင်တာကြောင့်မဟုတ်ဘူး။ကုရီလင်အချစ်ကိုမရနိုင်မှန်းသိလို့ သူ့နှလုံးသားနာကျင်ရမှာကိုစိတ်ပျက်ကြောက်ရွံ့နေတာ။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now