2.13

2.7K 350 4
                                    

Unicode and Zawgyi

အင်ပါယာ‌ခေါင်းဆောင်က အချိန်အတော်ကြာစဉ်းစားပြီး သက်ပြင်းရှည်ကြီးချလိုက်ကာ ရလဒ်ကို ကြေငြာဖို့အသင့်ပြင်တဲ့အခါ ကာရိုလ်ကစိတ်အ‌တော်လေးကိုလှုပ်ရှား‌‌လို့နေတယ်။အစည်းအဝေးတံခါးကရုတ်တရက်ပွင့်လာပြီး တကိုယ်လုံးသွေးတွေဖုံးလွမ်းနေတဲ့လူတစ်ယောက်ကရောက်လာတယ်။

သူကကာရိုလ်ကိုအေးစက်စက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထောင့်မှာလည်း ခြောက်ကပ်နေတဲ့သွေးစွန်းကွက်တွေကကျန်နေသေးတယ်။ကြောင်တစ်ကောင်လိုမျက်လုံးတွေက ကြယ်တွေလိုလင်းလက်တောက်ပနေပေးမယ့်တစ်ပြိုင်တည်းမှာအေးစက်လွန်းတာမို့ ကာရိုလ်လှုပ်‌တောင်မလှုပ်ရဲဘဲ တောင့်တောင့်ကြီးဖြစ်နေတယ်။

သူနဲ့ကုရီလင်တော့မှပြန်ဖြစ်နိုင်မှာမဟုတ်တာကိုကာရိုလ်ကလေးလေးနက်နက်သိနေပြီးသူကိုယ်တိုင်ကလည်းအနည်းငယ်ကြေကွဲနေခဲ့တယ်။

ကုရီလင်ကချပ်ပြားတစ်ခုကိုစားပွဲပေါ်ပစ်ချကာ
"ဒီမှာမင်းသိခိင်တဲ့အရာတွေရှိတ်ူ။မင်းဖတ်ပြီးရင် ကာရိုလ်ကစက်စစ်တပ်အကြီးအကဲဖုစ်တဲ့ဗစ်တာကိုအစားထိုးဖို့ဘယ်လောက်တောင်လိုချင်နေလဲဆိုတာနားလည်သွားလိမ့်မယ်!သောက်ရေးမပါတဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်!!"

ဒါကိုပြောပြီးတာနဲ့ ကုရီလင်အမြန်ထွက်သွားတယ်။ ဗစ်တာသည် သတိမေ့မြောနေသေးသဖြင့် သူနှင့်အတူလိုက်ဖို့ အပြေးအလွှားသွားခဲ့ရတယ်။

နိုင်ငံခေါင်းဆောင်က ချပ်ပြားကိုကွန်ပျူတာထဲက်ုထည့်ပြီးအအကြောင်းအရာကို screen ပေါ်မှာဖွင့်ကြည့်တယ်။ထိုအရာက ကုရီလင်စက်ကင်မရာနဲ့ရိုက်ကူးခဲ့တဲ့ဗီဒီယိုဖြစ်တယ်။

အီသန်က နက်ပကျွန်းအဖွဲ့ချုပ်ရဲ့စစ်တပ်မီာ ပုံပျက်ပန်းပျက်နဲ့ရူးသွပ်စွာရယ်နေခဲ့တယ်။
"ဟီးဟီး ကုရီလင် မင်းတို့ငါဖြစ်မယ်လို့မထင်ထားဘူး ဟုတ်တယ်မလား?နောက်ဆုံးတော့လည်းမင်းငါ့ကိုရှုံးနေတုန်းပါပဲကွာ!!!"

"စိတ်ထိန်းချုပ်မှုနည်းပညာအကြောင်းငါ့ကိုဘယ်သူပြောလဲသိလား?မင်းအချစ်ဆုံးကာရိုလ်ကြီး‌လေ!ငါက သူ့ရှေ့မှာ တောင်းပန်လိုက်တာနဲ့ အကုန်လုံးငါ့ကိုပြောပြတယ်လေ!သူမင်းကိုချစ်တယ်လို့မင်းထင်နေတာလား?ဟမ့်!!သူကဘယ်သူ့ကိုမှမချစ်ဘူး သူ့ကိုယ်သူပဲချစ်တာ !သူ့အာဏာနဲ့နေရာကိုပဲချစ်တာ!ငါကလည်းသူ့ကိုမချစ်တော့ဘူး။နက်ပျကွန်းစစ်တပ်ကအင်ပါယာကိုသိမ်းပိုက်ပြီးရင်ငါကနက်ပကျွန်းစစ်တပ်ရဲ့မင်းသားနဲ့လက်ထပ်မှာ။မင်းတို့အားလုံးကတော့ပကျဉ်းသားတွေပဲ!!"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now