5.8

691 104 7
                                    

ထိုနေ့ကျွန်လေလံပွဲ၌ ဇာတ်လိုက်နဲ့ဇာတ်လိုက်မ တွေ့ခဲ့ပြီးကတည်းက ကုရီလင်က သူတို့နှစ်ယောက်၏လှုပ်ရှားမှုများကိုလျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သော်လည်း ဇာတ်လိုက်နဲ့ဇာတ်လိုက်မ နောက်တစ်ကြိမ်ထပ်ဆုံကြတာကိုမတွေ့ချေ။

ကုရီလင် အရမ်းအလုပ်များနေသည်။လူတစ်ရာနီးပါးရှိတဲ့ သူ့ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာစေဖို့အတွက် သူဝယ်ခဲ့တဲ့လူမည်းကျွန်တွေနဲ့အတူလေ့ကျင့်ပေးဖို့ရန် ရဲတိုက်ရှိကျွန်များထဲမှ သန်မာပြီးငယ်ရွယ်တဲ့လူတွေကိုရွေးချယ်နေလေသည်။အရေအတွက်ကလုံလောက်ပြီ။ထို့နောက် ဝေလာ့ဒ်မိသားစုလက်အောက်မှာရှိတဲ့ စတိုးဆိုင်တွေ၏တာဝန်ခံများနှင့်လည်း တစ်ယောက်ချင်းစီခေါ်ကာဆွေးနွေးခဲ့သည်။ကနဦးစွာသူတို့ကို တာဝန်မယူနိုင်ရင် ပိတ်နိုင်ရင်ပိတ်ရန်ခိုင်းသည်။မပိတ်နိုင်ရင် သူတို့ကိုခြိမ်းခြောက်သည်။ခြိမ်းခြောက်လို့မှမရရင် သူ့ရဲ့လက်နက်ကိုင်အဖွဲ့တွေကိုခေါ်လိုက်သည်။လုပ်ငန်းမှတစ်ချို့ကိုလည်းစီးပွားရေးလိမ်လည်မှုနဲ့ တရားရုံးကိုရုံးတင်စစ်ဆေးစေသည်။သုံးလကျော်မျှ ရှင်းလင်းသုတ်သင်ရေးလုပ်ပြီးချိန် တာဝန်ခံအားလုံးသည် ငုံးကောင်လေးတွေလို နာခံကြပြီး ပုန်ကန်ရန်လုံးဝမဝံ့ကြတော့ချေ။

မူလက အရည်အချင်းမရှိ၊တသီးတသန့်ဆန်ပြီး မာနကြီးသည့်သခင်လေးပုံရိပ်သည်လုံးဝပျောက်ကွယ်သွားပြီး ထက်မြက်၊ ယဉ်ကျေး၊ပြေပြစ်၊ပြီးပြည့်စုံပြီး အပြစ်ကင်းစင်ကာ စစ်မှန်တဲ့မွန်မြတ်သူတစ်ယောက်အဖြစ် အစားထိုးမြင်လာကြသည်။

လူအများ၏ကိုလင်ဝေလာ့ဒ်အပေါ်ထင်မြင်ယူဆချက်တွေကလည်းပြောင်းလဲတိုးတက်လို့လာသည်။ကုရီလင်သည်လူမှုရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့ခြင်းက သူ့နာမည်ကချီးမွမ်းခြင်းမြှောက်ပင့်ခြင်းတွေနဲ့ပြည့်နေကာ ကဲ့ရဲ့မည့်သူမရှိတော့ချေ။သို့သော် အထက်တန်းစားလူချမ်းသာတွေထင်ခဲ့တာက ဝေလာ့ဒ်သခင်လေးက သူ့အာဏာကိုနှစ်ပေါင်းများစွာယူသုံးထားတဲ့အိမ်တော်ထိန်းကိုပြန်တိုက်ခိုက်တော့မည်ဟုပင်။သူတို့အတွေးနှင့်ဆန့်ကျင်စွာ ထိုအိမ်‌တေယ်ထိန်းက ယခင်အတိုင်း အဆင်ပြေပြေဖြင့်ရှိမြဲရှိနေဆဲပင်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now