4.1 ဗန်ပိုင်းယားသခင်ကြီးကိုဖြားယောင်းမယ်

2.9K 321 12
                                    

Unicode and Zawgyi

233 ကကုရီလင်ကိုမော့မကြည့်ဘဲ နောက်တစ်ခါထပ်ပြောလိုက်သည်။
[မင်းပြန်လာပြီလား?]

ကုရီလင်ကဒီတစ်ခေါက်တော့နှိုးစက်မပေးတော့ဘဲ မေးလိုက်သည်။
'233 ဒီမစ်ရှင်ကမူလပုံစံနဲ့ကွဲနေတယ်မို့လား?'

ဤမစ်ရှင်ကဲ့သို့ သုံးကမ္ဘာဆက်တိုက်ရှိဇာတ်ကောင်တွေအပေါ်ဤမျှလေးနက်သောခံစားချက်မျိုး တစ်ခါမျှမခံစားခဲ့ဖူးချေ။ဗီလိန်သုံးယောက်လုံးကမတူညီတဲ့ကိုယ်ရေကိုယ်သွေး၊အသွင်အပြင်တွေရှိကြတယ်ဆိုသော်လည်းသူတို့အားလုံးကနားမလည်နိုင်လောက်အောင်ကိုရင်းနှီးကျွမ်းဝင်သလိုခံစားရခြင်းကတိုက်ဆိုင်မှုတော့မဖြစ်နိုင်ချေ။

233ရဲ့မျက်ဝန်းလေးတွေကမှိတ်တုတ်မှိတ်တုတ်ဖြင့် ပြန်ပြောသည်။
[မင်းအရမ်းအတွေးလွန်နေတာပါ]

233ဆိုသည်မှာကုရီလင်မှဖန်တီးထားသောစနစ်တစ်ခုဖြစ်သည်။လှဲအိပ်နေတဲ့စနစ်ကိုမျက်မှောင်ကြုံ့ကြည့်ကာလေးနက်စွာပြောသည်။
'233 ငါ့ကိုလာမလိမ်နဲ့!'

233 သက်ပြင်းချလိုက်ပြီး ဒီလိုပြောတယ်
[အခုငါပြောရင်တောင်အသုံးမဝင်တဲ့အရာတွေရှိတယ်။မင်းကိုယ်တိုင်အတွေ့အကြုံယူလိုက်ပါ။မင်းတာဝန်တွေပြီးတဲ့အခါမင်းသိပါလိမ့်မယ်]

ကုရီလင်ဖန်တီးထားတဲ့စနစ်ကဒီလိုရိုးရိုးသားသားလေသံနဲ့ပြောတာရှားလှသည်။ကုရီလင်ကဖုံးကွယ်ပြီးလှည့်စားတာကိုမုန်းပေမယ့် 233ကသူ့(ကုရီလင်)အကျိုးတွက်မို့ မပြောတာကိုတော့သေချာပေါက်ပြောနိုင်သည်မို့ထပ်မမေးတော့ပေ။ထို့နောက် screen ဆီကိုသွားကာနှိုးစက်ပေးလိုက်သည်။

အခုတစ်ခေါက်တွင် အနှစ်တစ်ရာမသတ်မှတ်ဘဲ အနှစ်ငါးဆယ်သာသတ်မှတ်ခဲ့သည်။နိုးလာပြီးနောက် သူသည် ချက်ချင်းပင် နောက်ကမ္ဘာသို့ဝင်ရောက်ခဲ့သည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့အမြင်အာရုံက အနည်းငယ် မှိန်သွားသည်။ကုရီလင်ကအကြိမ်ပေါင်းများစွာမျက်တောင်ခတ်ပြီးနောက်မှာပတ်ဝန်းကျင်ကို‌ရှင်းရှင်းလင်းလင်းမြင်လာသည်။

၎င်းသည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရိုးရှင်းသော အကျဉ်းခန်းတစ်ခုဖြစ်သည်။ နံရံတွေကနည်းနည်းပိုကောင်းပြီးမြေပြင်ပေါ်ရှိ ကျောက်တုံးများသည်မညီမညာဖြစ်နေကာအချို့ကျောက်များသည် လုံးဝစောင်းနေသဖြင့် ခန္ဓာကိုယ်ကို နာကျင်စေသည်။ကျောက်တုံးများမှာရေညှိတွေဖုံးနေပြီးချော်နေကာ ကိုင်ရမှာပင်ရွံစရာပင်။မြေပြင်အထက်သုံးမီတာရှိနံရံတွင်ပြတင်းပေါက်ငယ်လေးတစ်ခုကိုဖွင့်ထားပြီးလက်ရန်းတစ်ခုဖြင့်အလုံပိတ်ထားကာ အချုပ်ခန်းထဲသို့အလင်းရောင်အနည်းငယ်ကျရောက်နေသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now