4.9

1.6K 228 4
                                    

This part contains Mature scene.Read it by your own risk 👀

ကုရီလင်ရဲ့ခန္ဓာကိုယ်က ဗန်ပိုင်းယားတစ်ဝက်ပါတာကြောင့် ဗန်ပိုင်းယားတွေလောက်သွေးမဆာသော်ငြား နည်းနည်းတော့ တောင်းတခြင်းကပုံမှန်ဖြစ်တယ်။လူ့ကျင့်ဝတ်ဆိုင်ရာတားမြစ်ပိတ်ပင်မှုများ၏ဖိနှိပ်မှုကြောင့်မူလပိုင်ရှင်က သူ့ရဲ့ဆန္ဒကိုတမင်တကာ ဖိနှိပ်ခဲ့ပြီး ဘယ်တုန်းကမှသွေးမစုပ်ခဲ့တာပင်။

ကုရီလင်လည်း ချွင်းချက်မရှိ အဲ့လိုခံစားရတာကပုံမှန်ပင်။သူသွေးဆာတယ်!လော့ကလည်းသူ့အပေါ်ချစ်ကြောင်းသက်သေပြဖို့သွေးတိုက်ချင်နေတာလေ ဘာလို့မသောက်ရမှာလဲ?

လော့ကသူ့ခေါင်းကိုဆွဲယူကာ လည်ပင်စနားဆီတိုးပေးလိုက်ပြီးကုရီလင်ကလည်းချက်ချင်းသွေးရနံ့ကိုစွဲလန်းသွားတယ်။

ချစ်စဖွယ် အစွယ်ကအရေပြားကိုမဖောက်နိုင်ပေမယ့် သူ့လျှာကိုဖြည်းဖြည်းချင်းကပ်ထားလိုက်တယ်။သွေးတွေကိုစုပ်လိုက်ပြီး ကျေနပ်စွာ အော်လိုက်တော့တယ်။

သူသွေးစုပ်ခဲ့ခြင်းကပထမဆုံးအကြိမ်တော့မဟုတ်ချေ။သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဗန်ပိုင်းယားဗီဇတွေကအနှီလူကြောင့်အပြည့်အဝနိုးထတော့မယ်လို့ကုရီလင်ခံစားမိတယ်။
သူ့သွေးကအရမ်းအရသာရှိတာပဲ!

လော့ကသူ့ကိုပွေ့ပြီးပေါက်ပေါ်မှာထိုင်ခိုင်းပြီးသူ့ခြေထောက်တွေကလေ့ာရဲ့ခါးမှာရစ်တွယ်ထားတယ်။ကျောဘက်ကနေ လည်ပင်းထိ ရှပ်အင်္ကျီအဖြူအောက်ကနေ ထိတွေ့ပွတ်သပ်နေသည်။လော့ရဲ့မျက်ဝန်းတွေကနက်မှောင်လာပြီး သူ့ရှေ့ကကုရီလင်ကို မွေးကင်းစသွားမပေါက်သေးတဲ့သွားဖုံးလေးတွေနဲ့နို့ပုလင်းကိုကိုင်ပြီးသောက်နေတဲ့ လူကောဗန်ပိုင်းယားကောကိုအန္ဓာရာယ်မပြုနိုင်တဲ့ကလေးလေးလို့ပဲမြင်မိတယ်။ဆွဲဆောင်မှုရှိတဲ့ နို့နံ့နဲ့!

လော့က သူ့ရဲ့မူလလှုပ်ရှားမှုတွေကိုထိန်းထားပြီးကုရီလင်သွေးစုပ်နိုင်ဖို့ကုညီပေးပေမယ့်သူ့လက်ကကုရီလင်ရဲ့ရင်ဘက်ကိုတိတ်တဆိတ်ကိုင်ကာကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်ပြီး ချောမွေ့တဲ့အသား‌အရေလေးကပေါ်လာတယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now