4.15

1.4K 188 0
                                    

Unicode and Zawgyi

ဗန်ပိုင်းယားမျိုးနွယ် အထက်လွှတ်တော် -

ဟေလ်တန် : "ဒီစစ်ပွဲကအောင်မြင်မှုမရှိဘဲနဲ့တော့ မပြီးဆုံးနိုင်ဘူး။ငါတို့အမျိုးပေါင်းများစွာလည်းသေခဲ့ပြီးပြီ သူတို့သေရခြင်းကအချည်းအနှီးမဖြစ်စေရဘူး အဆုံးထိ ဇွဲရှိရှိနဲ့တိုက်နေသရွေ့စစ်တပ်ကို သုတ်သင်နိုင်မှာပါ"

ဝမ်လီယာကထေ့ငေ့ါသလိုပြုံးလိုက်ပြီး
"အရှင် ဒီစစ်ပွဲအတွက် ကျမတို့ဘယ်လောက်သုံးခဲ့ရတယ်ဆိုတာသိလား?အခုတောင် ဘဏ္ဏာတိုက်ကဟောင်းလောင်းဖြစ်နေပြီ ရှင့်စစ်မက်တွေကိုဖြည့်စီးပေးဖို့ ပိုက်ဆံဘယ်ကရမလဲ?မဖြစ်နိုင်တဲ့စိတ်ကူးယဉ်အိပ်မက်တစ်ခုသာသာပဲလေ"

အဓိကအားဖြင့် စစ်ပွဲအတွက်အုပ်စုရယ် ငြိမ်းချမ်းရေးအဖွဲ့တို့သည် အချင်းချင်းငြင်းခုန်နေကြသည်။ပင်မစစ်ပွဲအုပ်စု၏ခေါင်းဆောင်မှာ ဟေလ်တန်ဖြစ်ပြီး ငြိမ်းချမ်းရေးအုပ်စု၏ခေါင်းဆောင်သည် လော့ဖြစ်သည်။ငြင်းခုန်ပွဲအစတွင် ငြိမ်းချမ်းရေးအုပ်စုဘက်ကိုထောက်ခံသည့်ဗန်ပိုင်းယားဟူ၍မရှိ။အဘယ်ကြောင့်ဆိုသော် ထိုတိုက်ပွဲသည် ဤမျှခက်ခဲလိမ့်မည်ဟုဗန်ပိုင်းယား‌တွေမထင်ထားတာကြောင့်ဖြစ်သည်။စစ်ပွဲ‌ရှိအတားအဆီးနယ်မြေကိုရောက်ချိန်တွင် ဗန်ပိုင်းယားတို့၏စိတ်တွေသည်ပိုပြီးမကျေမနပ်ဖြစ်လာကြသည်။လူသားတွေ၏ခုခံမှုကလည်းပိုမိုပြင်းထန်လာတာကြောင့် လော့၏ငြိမ်းချမ်းရေးအဆိုကိုတင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။လော့သည်ကား လူ‌သားတွေအားမကြိုက်ခြင်းကို ဗန်ပိုင်းယားမျိုးနွယ်စုရှိလူတိုင်းသိကြသည်။လော့က ကုရီလင်ကိုပျော်ရွှင်စေချင်ရုံတွေးကာအကြံပေးခဲ့ခြင်းဖြစ်ပြီးဗန်ပိုင်းယားတွေကလည်းကံကောင်းစွာဖြင့်သဘောတူခဲ့ကြသည်။

ခန်းမ၏တံခါးသည်ပွင့်လာခဲ့ပြီး အကြီးအကဲဆယ့်သုံးယောက်ကတံခါးကိုလှည့်ကြည့်ချိန်မှာ ကုရီလင်ကသူတို့ကိုပြုံးပြပြီး ဝင်လာခဲ့သည်။

ဟေလ်တန်ကမျက်မှောင်ကြုတ်ကာ
"အန်ဒရီရှု မင်းဘယ်လိုဝင်လာတာလဲ?အစည်းအဝေးအတွင်း အပြင်လူတွေကို ဝင်ခွင့်မပေးဘူးဆိုတာ မင်းမသိဘူးလား။အပြင်က အစောင့်တွေက အလုပ်ဘယ်လိုလုပ်‌နေကြတာလဲ?"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now