4.8

1.5K 231 5
                                    

Unicode and Zawgyi
ဟူစတန်က သာမာန်လူတစ်ဦးမဟုတ်သော်လည်း သတိမထယးမိတာကြောင့် ရုတ်တရက်ထိန်းချုပ်ခံခဲ့ရပြီးဗန်ပိုင်းယားတွေကုကိုင်တွယ်တဲ့ ငွေရောင်ပစ္စတိုနှင့် ဓားမြှောင်လည်းမရှိတာကြောင့် ကလန်ကဆန်မလုပ်ရဲချေ။ကုရီလင်ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေပေမယ့် အသံတောင်မထွက်နိုင်ချေ။

"အန်ဒရီရှု ...ငါ့ကိုသွားခွင့်ပေးပါ ဘုန်းကြီးပြောခဲ့တာတွေမေ့သွားပြီလား?မင်းလုပ်ရမှာက ဗန်ပိုးယားတွေနဲ့ဆက်နွယ်ပေးဖို့ပဲ ဒီလိုမျိုးကိုယ့်လူကိုယ်ဆန့်ကျင်ဖို့မဟုတ်ဘူး!"

"အိုး?"
ကုရီလင်ကက မျက်မှောင်ကြုတ်ပြီး သူ့ကို အန္တရာယ်ရှိစွာ ကြည့်နေသည်။သူ့လက်ထဲက လက်ငါးချောင်းက လေဓားကို ထိန်းချုပ်နေတယ်။လေဓားကကျုံ့သွားပြီးလျော့ရဲလာပြီးနောက်ချွန်ထက်တဲ့လေဓားကအပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ အနိမ့်ဆုံးအချက်မှာ ဟူစတန်ရဲ့ဗိုက်ထဲပေါက်လုနီးပါးဖြစ်နေတာပင်။

"မမေ့နဲ့ ငါ့မှာ ဗန်ပိုင်းယားသွေးတစ်ဝက်ပါသေးတယ်။မင်းစကားအရဆို ‌ဗန်ပိုင်းယားကလည်းငါ့လူပဲလေ"

ဟူစတန်ကလှုပ်ရှားဖို့အရမ်းကြောက်ရွံ့နေပေမယ့် ရွဲ့စောင်းပြောဖို့အတွက် သတ္တိတွေ ဘယ်ကရလာမှန်းမသိချေ။
"မင်းသူတို့ရဲ့လှည့်စားမှုခံခဲ့ရတာလား?အဲ့ဒီရွံစရာ လော့ချိုင်ကမင်းကိုဘာပြောလိုက်တာလဲ?မင်းသွေးဆာနေတာလား? မင်းကိုလူတွေကပြုစုပျိုးထောင်ပေးခဲ့တာ ဗန်ပိုင်းယားတွေမဟုတ်ဘူး!"

လေဓားကို ဟူစတန်ရဲ့ပါးပြင်ကိုရှပ်တိုက်ပြီး ကြမ်းပြင်ထဲကိုထိုးစိုက်လိုက်ရာ စင်တီမီတာအနည်းငယ်မျှရှိတဲ့အပေါက်ငယ်တစ်ခုကြမ်းပြင်မှာပေါက်သွားတယ်။ဟူစတန်သူ့မျက်နှာပေါ်မှာအေးခနဲခံစားလိုက်ရပြီး မျက်နှာခြစ်မိပြီးသွေးထွက်တာကိုသိလိုက်တယ်။ကုရီလင်ကလူသတ်ဖို့ရည်ရွယ်ချက်ရှိတာကိုသိတော့ ကုရီလင်ကိုမှုန်ကုပ်ကုပ်ကြည့်တယ်။

"ဟုတ်တယ် ငါ့ကိုလူသားတွေကပြုစုပျိုးထောင်ပေးခဲ့တာ!ငါ့မိဘကိုသတ်ပြီးငါ့ကိုခွေးတစ်ကောင်လိုမွေးခဲ့ကြတာ!ငါလူသားတွေကို ကူညီခဲ့တယ်၊ ဒါပေမယ့် ဘုန်းကြီးကငါ့အတွက်အမှတ်တချို့‌တော့ရှိနေတုန်းပဲ!ငါငယ်ငယ်တုန်းကမင်းငါ့ကိုကူညီပေးခဲ့လို့ ငါမင်းကိုနည်းနည်းသဘောကျခဲ့တယ် အခုတော့ငါမင်းကိုမကြိုက်တော့ဘူး။ငါလူသားတွေအတွက်နှစ်အတော်ကြာအောင်အလုပ်လုပ်ပေးခဲ့ပြီးပြီမို့ ငါ့ကိုကျွေးမွေးထားတာတွေကြေပြီ!"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now