5.5

1.1K 156 7
                                    

နေ့လည်ခင်းတွင် ကုရီလင်သည်အပြင်ထွက်ရန်စီစဉ်ခဲ့သည်။ကျွန်လေလံပွဲသည် ညဘက်မှစတင်မှာဆိုသော်လည်း ဒီကမ္ဘာကြီးမှာဖြစ်ပျက်နေသည့်အရာများကိုသိဖို့ရာ လျောက်ကြည့်ဖို့ဖြစ်သည်။

ဂရိတယ်သည် ကုရီလင်အားရထားလုံးပေါ်သို့တက်ရန်ကူညီပေးချိန်မှာ ကုရီလင်ကသူ့ကိုရှောင်လိုက်သည်။ကုရီလင်က 233ကိုပိုက်ကာ ရထားလုံးပေါ်တက်လိုက်ပြီး မြေပြင်မှာခုထိခစားနေကြတဲ့အစေခံတွေကို လေသံမာမာဖြင့်
"ဒီမှာလှဲမနေကြနဲ့တော့ ထပြီးရထားထွက်ဖို့လုပ်တော့‌"

အစေခံများသည် ရထားလုံးမောင်းဖို့ရာပြင်ဆင်ရင်းတစ်ချိခတည်းမှာတွေးလိုက်ကြသည်။
'အာ …အစေခံတွေကိုဆိုရင်ခက်ထန်တဲ့သခင်လေးကဘာဖြစ်နေတာပါလိမ့်?ဒီနေ့ဘာမှမဖြစ်ဖို့မျှော်လင့်ရတာပါပဲ…'

ကုရီလင်တက်ပြီးခဏအကြာတွင်ရထားလုံးသည်လမ်းမပေါ်ထက်တွင်ဖြည်းညှင်းစွာရွေ့လျားနေသည်။

မနက်ခင်းတုန်းကမိုးသည်းသည်းမည်းမည်း ရွာထားပြီးတာကြောင့် ခုချိန်တွင်ကောင်းကင်ကကြည်လင်သန့်စင်နေသည်။မွန်းလွဲပိုင်းဖြစ်၍ နေ့ခင်းနေကအရမ်းပူလွန်းတာကြောင့်နေရောင်တိုက်ရိုက်ထိုးသည့်နေရာဆိုရင် မျက်စိတောင်ဖွင့်မကျိနိုင်လောက်သည်အထိအလင်းစူးလှသည်။လမ်းဘေးမှာအလုပ်ကြမ်းတွေလုပ်နေရတဲ့သူတွေဆိုရင်ပြောစရာကိုမလိုတော့။ပူပြင်းချက်ကကြောက်စရာပင်။ရထားလုံစဘေးမှာလမ်းလောက်ပြီးလိုက်လာသည့်သူတွေတောင် မှ မိုးရေချိုးထားသလိုကို ချွေးပြန်နေကြသည်။မနက်ခင်းမိုးရွာထားခြင်းကြောင့်လမ်းတစ်လျောက်ရွှံ့တွေဖြစ်နေသည်။ကုရီလင်သည် ကန့်လန့်ကာကိုလှပ်ကာ နေရောင်ကြောင့်ပါးတွေနီရဲနေသည့်ဂရိတယ်အားအမူအရာမဲ့စွာအမိန့်ပေးလိုက်သည်။

"ဟေး ဂရိတယ်…ဒီကိုတက်လာဦး"

ဂရိတယ်သည်လန့်သွားကာ
"သခင်လေး ဒါကမသင့်တော်ပါဘူး"

မူလသခင်လေးသည် သူ့အားရံဖန်ရံခါဂရုစိုက်သော်လည်း သခင်နဲ့ကျွန်ကြားစည်းမျဥ်းကိုလိုက်နာကာ သခင်တစ်ယောက်အနေနဲ့အစေခံအတွပ်ဘာမှမလုပ်ပေးချေ။အလယ်ခေတ်ဖြစ်သည့်ခုခေတ်တွင် ဂုဏ်သိက္ခာရှိသော်မိသားစုများအတွက် ဤကိစ္စသည်ဘယ်သောအခါမှခွင့်မပြုသည့်ကိစ္စတစ်ရပ်ဖြစ်သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now