2.12

2.5K 314 2
                                    

Unicode and Zawgyi

Glory ကနေဘွဲ့ရပြီးနောက်မှာ ဗစ်တာကော ကာရိုလ်ပါ စစ်တပ်ထဲဝင်ဖို့ရွေးချယ်ခဲ့ကြပြီး ကုရီလင်က အင်ပါယာသိပ်ပ္ပံနှင့်နည်းပညာဌာနကိုဝင်ရောက်ခဲ့တယ်။

ကုရီလင်က ရန်ပုံငွေအတွက်စတူဒီယိုတစ်ခုထောင်ဖို့အင်ပါယာကိုလျှောက်ထားခဲ့ပြီး ကာရိုလ်ကိုအနိုင်ယူတုန်းကဗစ်တာသုံးခဲ့တာထက်ပိုအဆင့်မြင့်တဲ့ စိတ်စွမ်းအားဖြင့်ထိန်းချုပ်စက်ကို သုံးနှစ်ကြာအောင်ဖန်တီး‌ခဲ့တယ်။

ထိုတီထွင်မှုကအင်ပါယာက အဖွဲ့အားလုံးရဲ့စိတ်အာရုံကိုဆွဲဆောင်ခဲ့တယ်။တနည်းအားဖြင့်ဆိုလိုတာကအင်ပါယာရဲ့ စစ်ရေးအင်အားက အဆင့်များစွာ မြင့်တက်လာနိုင်ပြီး နောင်နှစ်ပေါင်းရာနှင့်ချီ၍ အခြားဂြိုလ်များကိုကြောက်ရွံ့နေရန် မလိုအပ်‌တော့ဘူး။

အိုမီဂါတွေအတွက်ကလည်းအရမ်းကောင်းမ္န်သည်။အိုမီဂါအများစုက ခွန်အားကသူတို့ရဲ့ချို့ယွင်းချက်ကြီးဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ခွန်အားနဲ့ထိန်းချုပ်ရတဲ့စက်တွေကိုမလုပ်ဆောင်နိုင်ကြပေ။

အကယ်၍ အခုလိုသာ စိတ်စွမ်းအားနဲ့ထိန်းချုပ်တဲ့စက်ကိုသုံးရမယ်ဆိုပါက  ခွန်အားနည်းပေမယ့် စိတ်စွမ်းအားကြံ့ခိုင်တဲ့အိုမီဂါတွေကစစ်တပ်ထဲကိုဝင်ရောက်နိုင်ပြသူတို့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အခွင့်အရေးးရကြလိမ့်မယ်။

အင်ပါယာကအဖွဲ့အစည်းတွေအားလုံးကဒီနည်းပညာရဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပေမယ့် သူကတော့ ဒီနည်းပညာကိုနိုင်ငံကိုအလာကားပေးပစ်ခဲ့တာသိလိုက်ကြရတယ်။ကုရီလင်ကအခုဗစ်တာကိုရှာဖို့စစ်တပ်ထဲကိုလိုက်သွားလိုက်တယ်။သူနဲ့ဗစ်တာမတွေ့ရတာသုံးနှစ်တောင်ရှိနေပြီ!ကုရီလင်ဗစ်တာကိုတော်တော်လေးသတ်ချင်နေတယ်!

စစ်တပ်ကိုလာတာကြားတော့အင်ပါယာအကြီးအကဲကသူ့ကိုချီးကျူးပြီးနှုတ်ဆက်ကာ စစ်တပ်ကိုလည်းသူ့ကိုဂရုစိုက်ပေးလိုက်ဖို့ကို သေချာမှာကြားခဲ့တယ်။သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့တိုင်းတပါးသားတွေကိုတိုက်ပွဲများစွာအကြိမ်ကြိမ်အနိုင်ယူပြီးနောက် သူ့ဂုဏ်သိက္ခာသည် အလွန်တိုးတက်ခဲ့တယ်။နှစ်အနည်းငယ်အတွင်း သူကအင်ပါယာနဲ့တသားတည်းဖြစ်လာခဲ့တယ်။အင်ပါယာတပ်ဖွဲ့ ငါးပုံတစ်ပုံနီးပါးကို ကိုင်ဆောင်ထားသည့် ဒုတိယတပ်မကြီးရဲ့အကြီးအကဲဗိုလ်ချုပ်ဘွဲ့ကို ဆွတ်ခူးခဲ့ပြီး အင်ပါယာတွင် အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်လာခဲ့တယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Hikayelerin yaşadığı yer. Şimdi keşfedin