4.7

1.7K 241 3
                                    

Unicode and Zawgyi

လော့၏ရဲတိုက်ကဗန်ပိုင်းယားမျိုးနွယ်၏မြို့တော်အနီးနားကတောင်ကုန်းပေါ်မှာတည်ရှိတယ်။တောင်ပေါ်ရှိပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျဖြစ်နေပြီးအစောင့်အကြပ်တွေလည်းရှိတယ်။လော့၏*ဂေါ့သစ်ရဲတိုက်ကြီးက ခရစ်ယာန်ကျောင်းတော်တွေထက်ပိုပြီးရိုးရှင်းပြီးကြီးမားတယ်။သွေးရောင်နှင်းဆီနွယ်ပင်များက ကျောက်နံရံများတစ်လျှောက် လွင့်ပျံနေတယ်။ညအခါမှာ သွေးနီရောင်လနဲ့ဆန့်ကျင်စွာပင်ပွင့်လန်းနေကြလိမ့်မယ်။ရှေးခေတ်ကသီချင်းတွေထဲက သီချင်းတစ်ပုဒ်လိုလှပလွန်းလှတယ်။

လော့၏ရဲတိုက်ကဗန်ပိုင်းယားမျိုးနွယ်၏မြို့တော်အနီးနားကတောင်ကုန်းပေါ်မှာတည်ရှိတယ်။တောင်ပေါ်ရှိပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျဖြစ်နေပြီးအစောင့်အကြပ်တွေလည်းရှိတယ်။လော့၏*ဂေါ့သစ်ရဲတိုက်ကြီးက ခရစ်ယာန်ကျောင်းတော်တွေထက်ပိုပြီးရိုးရှင်းပြီးကြီးမားတယ်။သွေးရောင်နှင်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(*ဂေ့ါသစ်ရဲတိုက်_ ၁၂ မှ ၁၆ ရာစုအတွင်း အနောက်ဥရောပတွင် ပျံ့နှံ့နေသော ဗိသုကာလက်ရာပုံစံရဲတိုက်ကြီး)

ရဲတိုက်ဟောင်းကြီးရဲ့အကျယ်ကအံ့မခန်းဖြစ်ပြီးအတွင်းပိုင်းဖွဲ့စည်းပုံမှာ ထူးထူးခြားခြား ရှုပ်ထွေးလှတယ်။သာမာန်ရိုးရိုးနံရံတွေအောက်မှာဝှက်ထားတဲ့လျှို့ဝှက်စာပိုဒ်တွေကိုဝှက်ထားပြီး ရဲတိုက်ဟောင်းကြီးရဲ့ပိုင်ရှင်ဖြစ်တဲ့ဗီလိန်လော့ကိုယ်တိုင်မသိချေ။

‌ကုရီလင်ကလော့ရဲ့ရှပ်အင်္ကျီကိုဝတ်ထားပြီးရေနံဆီမီးခွက်ကိုဆွဲကာ မှောင်မိုက်ပြီးရှည်လျားတဲ့စင်္ကြန်လမ်းရဲ့အေးစက်နေတဲ့ကြွေပြားပေါ်မှာခြေဗလာနဲ့လျောက်သွားနေတယ်။ရှပ်အင်္ကျီကတင်ပါးဖုံးရုံသာဖြစ်ပြီးသူ့ရဲ့ခြေထောက်သွယ်သွယ်တွေကိုပေါ်လွင်စေတယ်။

လော့ကသူ့ကိုဝန်ခံပြီးကတည်းက သဘာဝကျကျပဲ သူ့အကျဉ်းကျနေတဲ့ဘဝကြီးထဲကနေလွတ်မြောက်ခဲ့ရတယ်။လော့ရယ်သူရယ်နဲ့ အာရုံခံစားမှုမရှိတဲ့သွေးကျွန်အချို့သာရဲတိုက်ထဲမှာရှိကြတယ်။သွေးကျွန်တွေကို ကွေ့ပတ်ပြီးနောက်ကုရီလင်ကရဲတိုက်ရဲ့အနက်ပိုင်းထဲကိုဝင်သွားလိုက်တယ်။ဘယ်သူမှမသိတဲ့ပညာရပ်တစ်ခုကိုသူရှာနေခြင်းပင်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now