3.11

2.1K 301 7
                                    

Unicode and Zawgyi

မိုးလည်းစဲသွားပြီ၊တိမ်မည်းတွေရဲ့အနောက်ကနေ နေထွက်လာပြီးမြေပြင်မှာပြန့်ကျဲနေတဲ့သွေးတွေကလည်းမိုး‌ရေနဲ့မျောပါကာဆေးကြောထားသည့်အတိုင်းကျန်‌နေသည်။စစ်ဖြစ်ခဲ့ကြောင်းသက်သေပြစရာဆိုလို့အလောင်းတွေကလွဲလို့ကျန်တဲ့အရာတွေကပျောက်ကွယ်လုနီးပါးပင်။

ဝူလင်ကဘာလုပ်ရမှန်းမသိဘဲချောက်ကမ်းပါးပေါ် မတ်တတ်ရပ်လိုက်သည်။

ဆက်တိုက်ခိုက်ရမလား?ဒါပေမယ့်သူတို့ခေါင်းဆောင်ဖန်ရှုတိန်၏ဖခင်မှာရှီချန်အန်းကိုနတ်ဆိုးဖြစ်စေခဲ့သူစစ်စစ်ဖြစ်လေသည်။ဖန်ရှုတိန်ကရှီချန်အန်းကိုသတ်ဖြတ်ချင်နေဆဲပင်။အခုတိုက်ခိုက်တာကနဲနဲတော့လွဲနေသလို။အနည်းနဲ့အများဆိုသလိုချန်အန်းကအနည်းငယ် ပြောင်းလဲသွားခဲ့တာမို့ ယခုအချိန်တွင်သူချန်အန်းကိုမသတ်ချင်ပေ။ဒါပေမယ့် သူတို့ထွက်သွားရင် သူတို့ရဲ့ခရီးက အချည်းနှီးမဖြစ်ဘူးလား?

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မတ်တတ်ထပြီး‌ဟစ်ကြွေးသည်။

"ငါ ဂရုမစိုက်ဘူး!မနက်ဖြန်ဘာပဲဖြစ်လာဖြစ်လာကိစ္စမရှိဘူး!ငါအရင်သွားမယ်!"

"မသွားနဲ့"
ဖန်ရှုတိန်ရုတ်တရက်ရူးသွားခဲ့ပြီ။သူ့ဝိဉာဏ်ကလည်းပြိုပျက်လုနီးပါးဖြစ်နေပြီးထွက်သွားချင်နေသောထိုလူကိုဓားဖြင့်ထောက်ကာ
"ထွက်မသွားနဲ့!အဲ့ကောင်က နတ်ဆိုးကောင်!လူတိုင်းကသူတို့သတ်ချင်နေကြတာ...ဟုတ်တယ် ငါ...ငါတို့သူ့ကိုသတ်ရဦးမယ်……."

ထိုလူကသူ့ကိုမထီမဲ့မြင်ပြုကာရွဲ့စောင်းပြုံးပြသည်
"ဖန်ရှုတိန်!လူတိုင်းရဲ့အမြင်မှာရှီချီအန်းကနတ်ဆိုးဖြစ်ပြီးမင်းကဖြောင့်မတ်တယ်ထင်လို့ငါတို့မင်းနောက်လိုက်နေတာ!အခုမင်းလုပ်နေတဲ့အရာတွေကနတ်ဆိုးဆိုတာထက်တောင်ပိုသေးတယ်!ထွက်သွားတာကပိုကောင်းတယ်။ငါတို့အားလုံးကမင်းဆိုးကိုတိုက်ဖို့မင်းနောက်ဘာလို့လိုက်နေရမှာလဲ?"

ထိုလူကပြောပြီးတာနဲ့လှည့်ထွက်သွား၏။ပထမလူထွက်သွားပြီးနောက် ကျန်လူတွေကပါထွက်သွားကြ၏။လူတိုင်းရဲ့အတွေးတွေကထိုလူပြောသည်နှင့်ထပ်တူကျနေသည်။သူတို့ကဖြောင့်မတ်သောဘက်ကိုသာကိုယ်စားပြုသူတွေဖြစ်သော်လည်းယုတ်မာတဲ့ဘက်မှာအသုံးချခံနေရတာကိုအခုမှပင်သိကြရသည်။ဘာကြောင့်လဲ?လူတိုင်းကဒေါသထွက်လာကြပြီးဖန်ရှုတိန်ကိုတတွေးထွေးကာကြိမ်းမောင်းကြတော့၏။
"ကြောင်သူတော်ကောင်!!!"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now