1.7

3.1K 383 1
                                    

"ဟေး ထဦး!!"
ကုရီလင်က ရွံရှာသလိုကြည့်ပြီးမျက်မှောင်ကြုံ့ကာ ခြေထောက်ကိုမြှောက်ကာကန်လိုက်သည်။
"သေချင်ရင်တခြားနေရာမှာသွားသေ!ငါ့အိမ်ရှေ့မှာလာမသေနဲ့!!"

ရှန်ကျင်းလင်က မတုံ့ပြန်ဘဲ လဲလျောင်းနေခဲ့သည်။

ကုရီလင်က သက်ပြင်းတစ်ချက်ကချကာ နူးညံ့မှုတစ်စက်မှမရှိဘဲ သူ့ပခုံးပေါ်ပစ်တင်လိုက်သည်။အရပ် ၁၉၀ရှည်တဲ့အမျိုးသားခမျာ ကြမ်းပြင်ပေါ်ကိုလဲကျလုနီးပါးပင်။ခက်ခက်ခဲခဲနဲ့ပင်ပြန်တည့်မတ်လိုက်ပြီး ရှန်ကျင်းလင်ကို အခန်းထဲကို ယိုင်တိယိုင်တိုင်ခေါ်သွားသည်။

ရှန်ကျင်းလင်ကို ကုတင်ပေါ်ပစ်တင်ပြီးနောက် ကုရီလင်ကအတော်လေးမောဟိုက်သွားသည်။ဒဏ်ရာတွေကို ကုပေးဖို့အတွက် ဆေးသေတ္တာကို ဖွင့်ရန်ပြင်သည်။

ဒေါသထွက်နေပေမယ့်လည်း ဒဏ်ရာတွေကိုဆေးလိမ်းပေးသည်။ဒါ့အပြင် ဒဏ်ရာအကျက်မြန်စေရန် ဆေးလိမ်းပေးရင် စိတ်စွမ်းအင်တစ်ချို့ပို့ပေးလိုက်သည်။ခဏအကြာတွင်,ဖြူဖျော့နေတဲ့ရှန်ကျင်းလင်ရဲ့မျက်နှာက သွေးရောင်ပြန်လွှမ်းလာပြီး မျက်လုံးတွေကလည်းအားလျော့စွာပွင့်လာသည်။

"ဆေးခန်းမသွားနဲ့"
ရှန်ကျင်းလင်ပထမဆုံးပြောလိုက်တဲ့စကားပင်။

စိတ်တိုလာတဲ့ကုရီလင်က မျက်လုံးလှိမ့်လိုက်သည်။
"ငါသိတယ်!မင်းဘာစီးပွားရေးလုပ်တယ်ဆိုတာငါမသိရလောက်အောင် ငါကဉာဏ်ရည်မမီဘူးများမင်းထင်နေတာလား?"

ထိုအချိန်တွင်,ရှန်ကျင်းလင်က ကာစီနိုဝိုင်းရဲ့ လုံခြုံရအစောင့်တစ်ယောက်သာမဟုတ်ပေ။မြို့ထဲက ဂိုဏ်းတစ်ချို့ရဲ့ခေါင်းဆောင်လည်းဖြစ်သည်။သူတို့လိုဂိုဏ်းတွေ ရှင်သန်ဖို့ကအခက်ခဲဆုံးပင်။တိုက်ခိုက်ဖို့အတွက် နယ်မြေ,ပစ္စည်းတွေသိမ်းပိုက်ဖို့နေရာ,အိမ်ဖြူတော်တွေနဲ့ဆက်ဆံရေးကောင်းဖို့စသဖြင့် အထက်ဂိုဏ်းတွေကဘယ်လောက်ပဲကောင်းကောင်းလုပ်ပေးလုပ်ပေး အောက်ဂိုဏ်းတွေကအမြဲတမ်းအစာထိုးချင်ကြသည်။ရှန်ကျင်းလင်ရဲ့ဂိုဏ်းတောင်မှအမြဲတမ်းစိတ်ချရတယ်လို့မဆိုလိုပေ။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now