6.2

435 65 5
                                    

ယွမ်ယွမ်၏ တိုင်ပြောနေသည့်အသံကြောင့်ကုရီလင်ကပြုံးလိုက်သည်။သူမသေခင်ကတည်းက လဲ့အိုက်ဖန်းကယွမ်ယွမ်ကိုချစ်မိသွားတဲ့ပုံပဲ။ယွမ်ယွမ်ကတော့ လဲ့အိုက်ဖန်းအပေါ်မှာခံစားချက်မရှိခဲ့ဘူး။အဲ့တာက လူကိုပျော်စေတာပဲဟေ့!

ကုရီလင်က ယွမ်ယွမ်၏ဆံပင်တွေကိုတို့ထိလိုက်ပြီး ပြောလိုက်သည်။
"ငါတော့ မင်းငါ့ကိုနာမည်တပ်ခေါ်တာကိုကြိုက်တုန်းပဲ…"

ယွမ်ယွမ်ကချစ်စရာကောင်းတဲ့ကျားပေါက်လေးလိုအစွယ်နှစ်ချောင်းကိုထုတ်ပြရင်းပြုံးလိုက်သည်။
"အိုကေ…နောက်ကျရင်ငါနင့်ကိုနာမည်နဲ့ပဲခေါ်တော့မယ်။အဲ့ဒီနှာစေးနေတဲ့လဲ့အိုက်ဖန်းကိုငါဂရုမစိုက်တော့ဘူး။လင်းရန်~~"

ညစာစာပြီးနောက်ကုရီလင်က မူလပိုင်ရှင်မှ ရှာဖွေတွေ့ရှိခဲ့တဲ့ဇွန်ဘီဗိုင်းရပ်စ်အကြောင်းအချက်အလက်တွေကိုခဏတာဖတ်ပြီးနောက် အိပ်ယာဝင်အနားယူခဲ့သည်။

နောက်တစ်နေ့တွက် အင်္ကျီအဖြူပြောင်းဝတ်ကာ အလုပ်ဆင်းဖို့ရာအတွက် အချိန်မှီဓာတ်ခွဲခန်းကိုသွားခဲ့သည်။

ဓာတ်ခွဲခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အဖြူရောင်နံရံများအပြင်၊ တန်ဖိုးကြီးသောစမ်းသပ်ကိရိယာမျိုးစုံနှင့် အလုပ်များနေသည့်သုတေသနလူတွေကိုတွေ့လိုက်ရသည်။သူ့မျက်လုံးကိုအဖမ်းစားနိုင်ဆုံးမှာ အေးစက်နေတဲ့သံကုတင်အိပ်ယာထက်မှာချည်ထားခံရတဲ့ ဗီလိန်ကြီးချူဟန်ကျီဖြစ်၏။

အချက်အလက်ထဲမှာဖော်ပြထားသည့်အတိုင်းပင် သူကအရမ်းအသက်ကြီးပုံမပေါ်ချေ။အလွန်ဆုံးမှ ၁၈ ၊၁၉လောက်သာရှိဦးမည်။အရပ်မြင့်သော်လည်းမျက်နှာပေါက်ကသိသိသာသာကို ကလေးဆန်နေသေး၏။ခန္ဓာကိုယ်မှာဇွန်ဘီတွေလိုအစက်အပြောက်တွေမရှိတော့ဘဲ လူသားအသွင်အပြင်ကိုပြန်လည်ထိန်းသိမ်းထားပေမယ့် လူသားဆန်သည့်သူ့မျက်နှာတွင် ဇွန်ဘီလက္ခဏာတစ်ရပ်ဖြစ်သည့်အဝါဖျော့ရောင်ကြောင်မျက်လုံးတစ်စုံရှိနေသေးသည်မှာ အရမ်းကိုလှပ၏။ဤအလှတရားက လူသားများနှင့် ဇွန်ဘီများကြားရှိ လူမျိုးရေးကွဲပြားမှုတစ်ရပ်လည်းဖြစ်၏။ဖန်ဆင်းရှင်က လူသားတွေကိုမကျေမနပ်ဖြစ်ပြီး ဒီလောက်လှပတဲ့မျက်လုံးတွေကိုရက်စက်ကြမ်းကြုတ်တဲ့ဇွန်ဘီတွေကိုပေးခဲ့တာများလား??

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now