3.1 နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကြီးကိုဖြားယောင်းမယ်!

3.3K 330 10
                                    

Unicode and Zawgyi

ကုရီလင်သူ့စိတ်နယ်ပဲထဲကိုပြန်ရောက်တဲ့အခါ တစ်စုံတစ်ခုကသူ့စိတ်ထဲကနေထိုးထွက်လာတော့မယ့်အတိုင်း ခေါင်းကိုက်လာခဲ့ပြီး သေချာစီစစ်တဲ့အခါ ဘာသဲလွန်စမှမရခဲ့ပေ။

233က ဆိုဖာပေါ်မှ ခုန်ဆင်းပြီး မျက်မှောင်ကြုတ်ကာ [မင်း ဘာဖြစ်နေတာလဲ?]

နာကျင်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့ ကုရီလင်က အသက်ပြင်းပြင်းရှူပြီး ပြောတယ်
'ရပါတယ်'

ပြီးတော့ သူက နောက်နှစ်တစ်ရာကို နှိုးစက်နာရီကို သတ်မှတ်ပြီးအိပ်ပျော်သွားတော့တယ်။သူနိုးလာတဲ့အခါ မရပ်မနားဘဲ နောက်ကမ္ဘာထဲကိုဝင်သွားလိုက်တယ်။

အဆုံးမရှိသော မီးပင်လယ်ကြီးရှိပြီး မီးခိုးအလွန်ထူထပ်‌နေလွန်းလို့ လူအများက မျက်စိမဖွင့်နိုင်ကြပေ။ ရှေးခေတ်အိမ်ကြီးဖြစ်ပုံရပြီး အရပ်ရှည်လှပပြီးကျက်သရေရှိပါတယ်ဆိုတဲ့ကျုန်းလောင်နဲ့ယွီယွီတို့ကတေုင် အခုအခါမှာ မီးပင်လယ်ထဲမှာဝါးမျိုးခံလိုက်ရတာမို့ သူတို့ရဲ့မူလသွင်ပြင်ကိုမမြင်နိုင်ကြတော့ပေ။

လူတိုင်းက အော်ဟစ်ပြီး ပြေးနေကြသည်။သူတို့အသက်ကိုသတ်ပစ်နေတဲ့အရာကမီးမဟုတ်ဘဲအနက်ရောင်ဝတ်စားထားတဲ့လူတစ်စုဆိုတာကိုသိတိထားမိလိုက်တယ်။အနက်ရောင်ဝတ်ထားတဲ့လူတွေကကိုယ်ခံပညာလည်းတော်တော်‌ကျွမ်းကျင်ပုံရပြီး ထွက်ပြေးနေတဲ့လူတွေကိုအသာလေးဖမ်းမိသည်။သူတို့မျက်နှာပေါ်ကအပြုံးတွေက ကြွက်ကလေးတွေကို‌ဆော့ကာလှည့်စားနေတဲ့ကြောင်တွေလိုအပြုံးမျိုးပင်။

"ချန်အန်း၊ မြန်မြန်ထမြန်မြန်....မြန်မြန်ပြေး လွတ်ရာပြေး"
နုပျိုလှပတဲ့အမျိုးသမီးငယ်က ကုရီလင်ကို လက်တစ်ဖက်နှင့်ကိုင်ကာ ငါးနှစ်သားကလေးတယောက်ကိုတိုက်တွန်းနေသည်။ပန်းရောင်နဲ့ကျောက်စိမ်းထွင်းထုထားသလိုလှပတဲ့ကလေးငယ်လေးက ပြေးနေတဲ့အမျိုးသမီးရဲ့အရှိန်ကိုမှီအောင် လက်သေးသေးလေးတွေနဲ့ခြေတိုတိုလေးတွေကိုအားစိုက်ပြီးအားကြိုးမာန်တက်‌ဝှေ့ရမ်းကာပြေးနေပေမယ့် ငယ်ရွယ်သေးတာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကနည်းလွန်းသည်။အမျိုးသမီးငယ်က ကလေးကိုခပ်မြန်မြန်ပွေ့လို့ ပန်းခြံထဲကကျောက်တုံးတွေကြားထဲကို ပြေးဝင်သွားသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Tempat cerita menjadi hidup. Temukan sekarang