5.3

1K 143 7
                                    

"နင်ဘာကိုဆိုလိုတာလဲ?"
ကယ်လီက အချိန်အတော်ကြာထိတ်လန့်နေခဲ့ပြီးနောက်ဆုံးတော့မနေနိုင်စွာဒေါသတကြီးမေးလိုက်တယ်။

ကုရီလင်ကတော့သူမကိုအကြည့်တစ်ချက်တောင်မပို့ချေ။
"ကျိန်းသေပေါက်ပေါ့"

"နင်!"
ကယ်လီကဒေါသထွက်လွန်းလို့ခုန်ဆွဆွလက်ညှိုးတထိုးထိုးနှင့် နောက်မှရုတ်တရက်ကြီးတစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်
"ကိုလင်ဝေလာ့ဒ် ဒီနည်းနဲ့နင်ငါ့ဆီကအာရုံစိုက်မှုကိုရမယ်ထင်နေတာလား?ငါနင့်ကိုပြောလိုက်မယ် ဝေလာ့ဒ်မိသားစုရဲ့သခင်လေးဖြစ်တာကလွဲရင် နင်ကသုံးစားမရတဲ့အမှိုက်လိုကောင်ပဲ"

~ဖြန်း~

ဌရဲ့ရိုက်ချက်ကြောင့်ကယ်လီကမြေပြင်ပေါ်လဲကျသွားခဲ့ပြီး သူမ၏မျက်နှာပေါ်တွင်လက်ငါးချောင်းအရာကထင်းလာသည်။သူမမျက်နှာကိုသူမအုပ်ကိုင်ရင်း မယုံကြည်နိုင်သည့်မျက်ဝန်းများဖြင့် သူမကိုစိုက်ကြည့်နေသည့်ဂရိတယ်ကိုကြည့်လိုက်သည်။သူမ၏အမူအရာသည် ရှက်လည်းရှက်သလိုလန့်လည်းလန့်နေခဲ့သည်။အဆုံးသတ်တွင်သူမက ကုရီလင်အားအားကိုးရာမဲ့နေသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်ကာသူမအတွက်တရားမျှတမှုပေးစေလိုတယ်။

233ကတော့မျက်လုံးလှန်ပြနေလေသည်။ကုရီလင်ကလည်းကြောင်မျက်ဝန်းစိမ်းစိမ်းတွေနဲ့233က မျက်လုံးလှန်ပြတော့အထူးအဆန်းဟုတွေးနေသေးတယ်။
[ဒီမိန်းမစိတ်မနှံ့ဘူးလား?ခုနကပဲ သူပဲကြိမ်းမောင်းနေပြီးအခုကျတော့ ပိုင်ရှင့်ကိုတောင် သူ့ကိုသနားချင်လာအောင်ဟန်ဆောင်နေသေးတယ်]

ကုရီလင်ကလည်းမျက်လုံးပြန်လှိမ့်ပြပြီးဖြေလိုက်တယ်။
'ဘယ်သူသိနိုင်မှာလဲ?ဒီကမ္ဘာထဲမှာတော့သာမာန်ဇာတ်လိုက်မနဲ့မတွေ့နိုင်ဘူးထင်ပါရဲ့ ဒီမစ်ရှင်ပြီးလို့ပြန်ရောက်ရင်တော့ ဇာတ်လိုက်အချင်းချင်းကြိုက်တဲ့ကမ္ဘာကိုပဲစီစဉ်ပေးဖို့ ချောင်ရှုအာကိုပြောကိုပြောရမယ်။သူတို့လုပ်တာနဲ့ငါ့မှာ‌ဖျားတောင်ဖျားချင်သွားပြီ'
(‌*ချောင်ရှုအာကိုမှတ်မိကြသေးရဲ့လား ~ _ ~)

အကူအညီတောင်းသလိုကြည့်နေသည့်ကယ်လီအားလုံးဝလစ်လျှူရှုလိုက်ပြီး ဒေါသအိုးဂရိတယ်ထံသွားကာ လက်ကိုင်ပုဝါကိုထုတ်ပြီး ဂရိတယ်၏လက်ဖဝါးကြီးအားသုတ်ပေးလိုက်သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now