3.6

2.3K 295 7
                                    

Unicode and Zawgyi

ရှီချီအန်းက အဆိပ်ပြန့်နေတဲ့ကုရီလင်ကိုချီကာ သင်ကြားရေးအဆောင်ဘက်ကိုတိုက်ရိုက်ပြေးသွားခဲ့သည်။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေကကုရီလင်ကိုယ်ထဲအရှိန်အဟုန်နဲ့စီးဆင်းနေတာမို့ ဒေါသထွက်လွန်းပြီး တဆက်တည်းမှာလည်းဆုံးရှုံးရမှာကိုကြောက်ရွံ့နေသည်။သူ့ခန္ဓာကိုယ်ထဲမှာလည်းအကျွင်းအကျန်တချို့ရှိသေးတာမို့ ဆက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်ကိုဒူးထောက်ကျသွားစေသည်။လက်အောက်ငယ်သားအုပ်စုကတွေ့တဲ့အခါ
"ဂိုဏ်းခေါင်းဆောင်! ဘာတွေဖြစ်နေတာလဲ?ဒီလူကကောဘယ်သူလဲ?"

နှုတ်ခမ်းထောင့်စွန်းကသွေးတွေစီးကျနေပြီးအသက်ရှုသံကလည်းအားနည်းလွန်းတဲ့လူတစ်ယောက်ကိုသူတို့ရဲ့သခင်ကလက်မောင်းတွေကြားမှာပွေ့ဖက်ထားလေသည်။သူတို့ရဲ့ဂိုဏ်းခေါင်းဆောင်ပုံစံကရှုပ်ပွနေပြီးဒေါသတွေကလည်းမတည်မငြိမ်ဖြစ်ဖြစ်နေတာမို့ ဂိုဏ်းသားတွေကချက်ချင်းပင်အပြေးအလွှား‌ဂိုဏ်းခေါင်းဆောင်ကိုဝန်းရံကြသည်။နှစ်ယောက်လုံးကအခြေအနေမဟန်တာကိုသေချာသိရတဲ့အခါ ဂိုဏ်းသားတစ်ချို့ကိုသမား‌တော်ဆီအလျင်အမြန် စေလွှတ်ခဲ့ကြသည်။

ရှီချီအန်းကကုရီလင်ကိုပွေ့ဖက်လို့ အတွင်းခန်းထဲကိုဝင်ကာ ကုတင်ပေါ်ကိုတင်လိုက်သည်။သိပ်မကြာခင်ပဲ သမားတော်ကရောက်ရှိလာပြီးရှီချန်အန်းကိုဦးညွှတ်လိုက်သည်။ရှီချန်အန်းရဲ့‌သွေးခုန်နှုန်းကိုစမ်းသပ်ဖို့ရာလုပ်လိုက်ပေမယ့် အကြည့်တစ်ချက်ကြောင့်ပင်ရပ်တန့်လိုက်ရသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်,သမားတော်ကသွေးခုန်နှုန်းစမ်းခြင်းမျက်ခွံတွေကိုလှန်ကြည့်ခြင်းအပြင် သွေးနည်းနည်းထုတ်ယူကာ စစ်ဆေးမှုအနည်းငယ်ပင်လုပ်သည်။ဖြစ်စဉ်တစ်ခုလုံးကို ပြီးပြီးနောက်မှာ သမားတော်ကတုန်တုန်ယင်ယင်ဖြစ်နေသည်။နောက်ဆုံး‌တော့ သူ့ခေါင်းကနေတောင် ချွေးစေးတွေပြန်နေပြီးစကားမပြောနိုင်ဖြစ်နေသည်။အခုထိကို မထိုင်နိုင်သေးဘဲ ဖင်တကြွကြွဖြစ်နေတဲ့ချန်အန်းကသမားတော်ကိုပြောသည်
"ဒါပေမယ့် အဲ့တာကအရေးမကြီးဘူး!"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now