4.13

1.5K 208 3
                                    

Unicode and Zawgyi

"သတိထား!"

ကုရီလင်ကအလင်းတန်းကို ပိတ်ဖို့အတွက်ရှေ့သို့လှမ်းချင်သော်လည်း ဗန်ပိုင်းယားမုဆိုးနှစ်ဦးဆီကနေအပိတ်ခံလိုက်ရတယ်။အလင်းရဲ့အမြန်နှုန်းကလူသားတွေထက်အဆပေါင်းများစွာပိုမြန်ပြီးလော့ရဲ့အမြင်အာရုံထဲကိုဝင်ရောက်လာသည်။

ထိုအလင်းရောင်ကလူသားတွေအတွက်သက်ရောက်မှုမရှိနိုင်ဘဲ အလွန်ဆုံးမှ သူတို့ပူတယ်လို့ခံစားကြရုံသာ။ဗန်ပိုင်းယားတွေအတွက်တော့ကွဲပြားတယ်။သူတို့ကနေရောင်အောက်မှာလိုက်လျောညီထွေစွာသွားလာနိုင်ကြပေမယ့် နေရောင်ကသူတို့ကိုအန္တရာယ်မရှိဘူးဟုမဆိုလိုချေ။ဗန်ပိုင်းယားတွေအပေါ်ကျရောက်တဲ့အလင်းတန်းရဲ့နာကျင်မှုက လူသားတွေကို ဒီဂရီရာချီအပူရှိတဲ့မီးဖိုထဲကိုပစ်ချပြီး အသက်ရှင်လျှက်အကင်ခံရသလို နာကျင်စေတယ်။ခန္ဓာကိုယ်ရဲ့အထိခိုက်ဆုံးအစိတ်အပိုင်းက မျက်လုံးပင်။

"အား!"
လော့ကအော်ဟစ်လိုက်တယ်။သူ့မျက်လုံးထဲမှာမီးတောက်တွေကိုခံစားနေရပြီး မျက်လုံးတွေအရည်ပျော်ကျလုနီးပါးပင်။

မျက်လုံးမဖွင့်နိုင်တဲ့လော့က အလင်းတန်းကိုခံစားချက်ဖြင့်သာရှောင်နိုင်ခဲ့တယ်။ပြင်းထန်လှတဲ့အလင်းတန်းတွေကသူ့မျက်လုံးဆီကိုမရောက်နိုင်တော့ပေမယ့်လည်းသူ့ခန္ဓာကိုယ်ကိုထိလိုက်တဲ့အခါ အရေပြားပေါ်မှာမီးလောင်နေသလိုနာကျင်မှု‌မျိုးခံစားရတယ်။

"ဘန်း!"ဆိုတဲ့ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနှစ်ခုနဲ့အတူ ကုရီလင်ကသူ့စွမ်းအားကိုပြန်လည်ရရှိလာပြီး ချွန်ထက်တဲ့လေဓားနှစ်ချောင်းက သူ့ရှေ့မှာရပ်နေတဲ့ဗန်ပိုင်းယားမုဆိုးနှစ်ဦးဆီ၏နားထင်ကို တိုက်ရိုက်ထိုးဖောက်သွားတော့တယ်။ဤတစ်ကြိမ်မှာတော့ကုရီလင်ကလုံးဝသနားညှာတာခြင်းမရှိချေ။ထိုနှစ်ယောက်ကမြေပြင်ပေါ်လဲကျသွားပြီး ပေါင်နေတဲ့ခေါင်းကနေ အဖြူရောင်ဦးနှောက်တွေထွက်ကျလာတယ်။

ကုရီလင်ရဲ့မျက်နှာကမှိုင်းညို့ကာကြောက်စရာကောင်းနေပြီး လော့ဆီကို အမြန်ပြေးသွားခဲ့တယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now