5.12

748 96 1
                                    

တစ်ပတ်ကြာပြီးနောက်

"ကိုလင်ရေ…ကျေးဇူးအများကြီးတင်တယ်နော်။မင်းပေးတဲ့နည်းလမ်းတကယ်အသုံးဝင်တယ်။တို့သားက အဲ့မိန်းမရဲ့မျက်နှာအစစ်ကိုမြင်ပြီး သူတို့ဆက်ဆံရေးကိုဖြတ်ပစ်လိုက်ပြီလေ။ပြောပြရဦးမယ်သိလား…အဲ့ဒီမိန်းမကလေ တို့မိသားစုဝင် သိပ်ဖြစ်ချင်နေတာ။ငွေအရမ်းမက်နေတာများ!တို့သားကအိမ်တော်ဆီပြန်ရောက်လာတော့ အဲ့မိန်းမကခြံရှေ့မှာငိုယိုပြီးသူတို့အတူရှိချင်ပါတယ်ဆိုပြီးဆန္ဒလာပြနေတယ်…ကံကောင်းလို့ တို့သားကနည်းနည်းဆင်ခြင်တုံတရားရှိလာပြီမို့ ငြင်းလိုက်‌တယ်လေ…"

ဒိုင်ယာနာက ကုရီလင်အား ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုတသီတတန်းကြီးရှင်းပြေနေသည်။ကုရီလင်ကဒီကိစ္စတွေအကုန်လုံးကို 233ဆီကနေကြားပြီးသားဆိုပေမယ့်လည်း ဟန်ဆောင်ပြုံးပြကာ
"ကောင်းတာပေါ့…ဒါပေမယ့် ကျွန်တော့အမြင်အရဆိုရင် သခင်လေးစိုင်ရယ်ကငယ်သေးတယ်။တစ်ချိန်မှာ ကယ်လီကိုပြန်ချစ်လာမှာတော့စိုးရိမ်ရတယ်"

"အင်း……ဒါဆိုဘာလုပ်ရမလဲ?"
မစ္စဒိုင်ယာနာကစိတ်ပူလာပြန်သည်။

ကုရီလင်ကဂရိတယ်ယူလာသည့် black teaကိုသောက်လိုက်ပြီး
"နောက်နှစ်နည်းနည်းလောက် သခင်လေးစိုင်ရယ်ကိုနိုင်ငံခြားမှာကျောင်းတက်ဖို့လွှတ်လိုက်တာကပိုကောင်းမယ်ထင်တယ်။ဘာပဲဖြစ်ဖြစ် သခင်လေးစိုင်ရယ်ကငယ်သေးတာဆိုတော့ နောက်ထပ်လေ့လာစရာတွေလည်းလေ့လာလို့ရတာပေါ့။ပြန်လာတဲ့အခါ ဗဟုသုတပိုရှိတာကကောင်းတဲ့ကိစ္စပဲလေ။မိသားစုကိုလည်းကောင်းကောင်းတာဝန်ယူနိုင်တာပေ့ါ။ဒါ့အပြင် အပြင်လောကကြီးမှာ ပိုပြီးကောင်းတဲ့၊သင့်တော်မယ့်အမြင်မတိမ်တဲ့မိန်းကလေးနဲ့လည်းတွေ့နိုင်တယ်။မဟုတ်ရင် ဒီမှာနေတာကြာသွားရင်…မစ္စဒိုင်ယာနာက ကယ်လီ့ကိုအကောင်းမမြင်ရင်တောင် သူကကယ်လီနဲ့နောက်တစ်ခါထွက်ပြေးသွားမလားဆိုတာမသိနိုင်ဘူးလေ…"

"ဟုတ်တယ်…မင်းမှန်တယ်…အိမ်ပြန်ပြီး တို့အမျိုးသားနဲ့ဆွေးနွေးလိုက်ဦးမယ်"
ဒိုင်ယာနာကကုရီလင်စကားကိုကြားပြီးနောက် မစောင့်နိုင်တော့ဘဲ ထွက်သွားသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now