4.12

1.3K 188 1
                                    

Unicode and Zawgyi

ဟူစတန်က အသက်ပြင်းပြင်းရှူပြီး သူ့နှလုံးသားထဲက အကြမ်းဖက်ချင်စိတ်တွေကို ဖိနှိပ်လိုက်ပြီး

"အန်ဒရီရှု ပြန်လာခဲ့ပါ။မင်းအခုဗန်ပိုင်းယားမျိုးနွယ်ထဲကထွက်လာပြီး လူသားမျိုးနွယ်ထဲကိုပြန်လာမယ်ဆိုရင်တောင် ငါတို့အပြစ်မတင်ဘူး။မင်းက ဗန်ပိုင်းယားမုဆိုးတပ်က အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတုန်းပဲ!ငါတို့ကတစ်ဖက်နဲ့တစ်ဖက်အမြဲတိုက်ခိုက်နေကြတာ"

ကုရီလင်ကမျက်ခုံးပင့်ပြီးရယ်လိုက်ကာ သူ့မျက်နှာပေါ်မှာ မထီမဲ့မြင်ပြုသည့်အမူအရာဖြင့်
"ဘာလဲ?ငါမင်းကိုနောက်ဆုံးအခေါက်တုန်းကမရှင်းပြခဲ့လို့လား?ငါကလူသားတွေနဲ့ရော ဗန်ပိုင်းယားမုဆိုးတပ်နဲ့ကော ဘာမှမဆိုင်တော့ဘူး။ငါက အခုအကြီးအကဲဝမ်ဖြစ်နေပြီ သဘာဝကျကျပြောရရင် ငါပြန်မလုပ်နိုင်ဘူး!လူသားတွေနဲ့‌နောက်တစ်ခေါက်လက်တွဲဖို့ကို!"

"ဘာ? မင်းကဗန်ပိုင်းယားမျိုးနွယ်ထဲက အသစ်အကြီးအကဲဝမ်လား?"
ကုရီလင်ကို သူ့အပိုင်ဆိုတဲ့အနေအထားနဲ့ကိုင်ထားတဲ့လော့ကို ဟူစတန်ကလှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာကတင်းမာသွားပြီး‌မှ ရယ်လိုက်တယ်။
"ရို့!မင်းဘာလို့ဗန်ပိုင်းယားမုဆိုးတပ်ကိုမပြန်ချင်တာလဲလို့ငါပြောခဲ့တယ်နော်။မင်းကအမြင့်တက်ချင်တာလား?အကြီးအကဲလု အန်ဒရီရှုရဲ့အရသာဘယ်လိုနေလဲ?ခင်ဗျားစိတ်ကျေနပ်ရဲ့လား?ဗန်ပိုင်းယားတွေက လူသားတစ်ဝက်ဗန်ပိုင်းယားတစ်ဝက်နဲ့ခွေးလိုကောင်ကိုကြိုက်မှန်း ငါမသိခဲ့ဘူးပဲ"

"မင်းဟာမသာ သွားသေခိုင်းလိုက်!"
အကြီးအကဲလုရဲ့မျက်ဝန်းတွေက ဝိုင်နီတစ်ခွက်လိုနီရဲနေပြီး အန္တရာယ်ရှိပြီး ပြင်းထန်တဲ့သတ်ချင်စိတ်တွေပေါ်လွင်နေသည်။ကုရီလင်ကတော့ ဆန့်ကျင်ဘက်ကျွမ်းကျင်မှုရှိတယ်။ထိုကျွမ်းကျင်မှုက သူ့ကိုထိဝံ့တဲ့ဘယ်သူ့ကိုမဆို ကျိန်းသေပေါက်တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာပင်။လော့ကလက်ကိုဆန့်ကာဝှေ့ရမ်းလိုက်ပြီး ခရမ်းရောင်လျှပ်စီးကြောင်းက ရှေးခေတ်ခရမ်းရောင်နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်ကာ ဟူစတန်ဆီသို့ လျင်မြန်စွာ ဖြတ်သွားပြီး မီးပွားမနည်းငယ်ကိုသာတွေ့ရနိုင်တယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now