2.5

2.6K 358 1
                                    

ကျောင်းတွင်--

အစိတ်စိတ်အမွှာမွှာနေရောင်ခြည်တွေက မှန်သားပြင်ကနေတစ်ဆင့် နူးညံ့တဲ့နံနက်ခင်းအလင်းရောင်အလွှာကို အိပ်မောကျနေတဲ့ဆယ်ကျောသက်လေးအပေါ်ကိုဖြန့်ကျက်နေတယ်။လူငယ်လေးက မျက်နှာတစ်ဝက်လောက်သာပေါ်နေပြီး လိပ်ပြာတောင်ပံလိုမျက်တောင်လှလှလေးတွေကသူ့မျက်နှာပေါ်မှာအရိပ်ကျနေပြီး  နှုတ်ခမ်းနီရဲရဲလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသဖြင့် လှပပြီး စိတ်ကူးယဉ်ဆန်နေစေတယ်။

အတန်းဖော်တွေက သူ့အနားကဖြတ်သွားတဲ့အခါ သူတို့ခြေရာကို အမှတ်တမဲ့ဖြေလျှော့လိုက်ကြပြီး ဆရာမက အိပ်ပျော်နေတဲ့သူကို ကြောက်ရွံ့လို့ စာသင်နေချိန်မှာ သူမအသံကို လျှော့လိုက်တယ်။

ကောင်လေးက အရင်ကနဲ့ မတူဘူးဆိုတာ လူတိုင်းသိတယ်။စကားမပြောတဲ့အခါ မြင့်မြတ်ပြီးစွဲမက်ဖွယ်ကောင်းသော်လည်း စကားပြောပြီးအခြားလူများကိုလှောင်ပြောင်သောအခါတွင် သူ့ရဲ့အဆိပ်ပြင်းတဲ့လျှာက တစ်ဖက်လူကိုသတ်သေချင်စိတ်ပေါက်လောက်အောင်အထိရူးသွားစေနိုင်တယ်။

ကာရို ၊ ကုယဲ့ဇီ ၊ သူ့သူငယ်ချင်းအဟောင်းတွေအကုန်လုံးနဲ့လမ်းခွဲခဲ့ပြီး အိုမီဂါခေါင်းဆောင်နေရာကလည်းနှုတ်ထွက်ခဲ့တယ်။အီသန်က ကာရိုနဲ့ကုယဲ့ဇီတို့၏အကူအညီဖြင့် အိုမီဂါခေါင်းဆောင်ဖြစ်လာပြီး ကျောင်းအတွက်းသူ့ရဲ့ကျော်ကြားမှုက အဆုံးမရှိပေ။

ဒီလှုပ်ရှားမှုကြောင့် ကျောင်းအတွင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ကျောင်းရှိ အယ်လ်ဖာအချို့က ပျော်လွန်းလို့ထ,ကကြတယ်။သူတို့ရဲ့အမြင်အရတော့ အိုမီဂါတွေက အားနည်းတဲ့တဲ့အတွက်ကြောင့်အယ်လ်ဖာတွေရဲ့လက်အောက်ခံပဲဖြစ်ရမယ်လို့တွေးထားကြပြီး အီသန်ကလည်းအဲ့ဒီလိုလူမျိုးမို့ သူတို့ကျေနပ်ကြတယ်။မူလပိုင်ရှင်က အရမ်းကောင်းမွန်ပြီး အချို့သော အိုမီဂါနဲ့ဘီတာတွေကတောင် အယ်လ်ဖာဖြစ်တဲ့ သူတို့အခွင့်အာဏာကိုစတင်စိန်ခေါ်ကြတာကြောင့် သူတို့အယ်လ်ဖာတွေမျက်နှာပျက်ခဲ့ရသေးတယ်၊

မူလပိုင်ရှင်က အီသန့်ကိုရှုံးလိုက်ရတာက သူကသန်မာလွန်းလို့လည်းဖြစ်နိုင်သလို အိုမီဂါတွေရဲ့အားနွဲ့တဲ့ဘက်အခြမ်းကို ဘယ်လိုအသုံးချရမလဲမသိတာကြောင့်လည်းဖြစ်နိုင်တယ်။သူသာကောင်းကောင်းမွန်မွန်နေသရွေ့ သူ့အစ်ကိုနဲ့ကာရိုက သူ့ကိုအဆင့်တူအနေနဲ့ကြည့်ကြလိမ့်မယ်လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့တယ်။ကာရိုနဲ့ကုယဲ့ဇီကသူ့ရဲ့ထူးချွန်မှုကိုမုန်းတီး‌နေပြီး သူ(ကုရီလင်)နဲ့အတူရှိနေရင် အယ်လ်ဖာတစ်ယောက်ဖြစ်ခြင်းရဲ့သာလွန်မှုတွေသူတို့မခံစားရပေ။အီသန်ကသာ အိုမီဂါတစ်ယောက်နဲ့ပတ်သတ်တဲ့သူတို့ရဲ့စိတ်ကူးယဉ်မှုတွေအားလုံးကို ဖြည့်စီးပေးနိုင်သူ ။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now