3.4

2K 318 5
                                    

Unicode and Zawgyi

ရက်အနည်းငယ်ကြာ စိတ်ဓာတ်ကျပြီးနောက်မှာ ချန်အန်းကသူ့ကိုယ်သူစိတ်ဓာတ်ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်သည်။

နောက်ကြောင်းပြန်ဓားကို အခန်းထဲသို့ပြန်ပြီး ကုတင်ဘေးတွင်ချိတ်ဆွဲကာ တစ်ခါတစ်ရံ ဓားကိုကြည့်ပြီးပြုံးလိုက် သက်ပြင်းချလိုက် လုပ်နေတတ်တယ်။ဂိုဏ်းထဲကသူတွေက ဉာဏ်ကောင်းပြီးပညာရှိလှတဲ့ သူတို့ခေါင်းဆောင်ကိုကြည့်ကာ အံ့ဩနေကြတယ်!ခေါင်းဆောင်ကြီးဘာဖြစ်သွားတာလဲဟ?လင်းကျိုးရှီကြောင့်ထပ်ဖြစ်သွားတာလား?ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ခေါင်းဆောင်က အိပ်ဆောင်ခန်းမ(ပြည့်တန်ဆာအိမ်)ကမိန်းကလေးတစ်ယောက်ကိုစိတ်ကူးယဉ်နေတာလား?

သူတို့ မှန်းဆချက်ကတစ်ဝက်သာမှန်ပြီး ကုရီလင်တစ်ယောက်ကသာအဖြေကိုသိသည်။
'အရင်ဘဝအသတ်ခံခဲ့ရတဲ့ဗီလိန်ရဲ့ကြေကွဲဖွယ် သေဆုံးမှုဇာတ်ကွက်စတင်ပြီလေ!'

လွန်ခဲ့သည့်ရက်အနည်းငယ်ကလင်းကျိုးရှီကရှီချန်အန်းကိုလျှို့ဝှက်စွာနဲ့ဖိတ်ခေါ်ခဲ့ပြီး ဒါကဗီလိန်နဲ့တွေ့ဖို့အတွက်လင်းကျိုးရှီဘက်ကပထမဆုံးချိန်းဆိုခြင်းဖြစ်သည်။ရှီချန်အန်းကအံ့သြသွားသော်လည်း သူ့ရင်ထဲတွင် မျှော်လင့်ချက်များရှိနေသဖြင့် ချိန်းထားသည့်နေရာကို လိုက်သွားခဲ့သည်။

ဧည့်ခံပွဲအတွင်းမှာသူတို့နှစ်ယောက်သားက လိုက်ဖက်စွာဖြင့်စကားတွေအများကြီးပြောခဲ့ကြတယ်။လင်းကျိုးရှီကသူ့အပေါ်ဆို နည်းနည်းလေးတောင်မနွေးထွေးဘဲနူးညံ့သိမ်မွေ့မှုလည်းမရှိတာကိုသတိထားမိသည်။စကားဝိုင်းအဆုံးမှာလင်းကျိုးရှီက နောက်ကြောင်းပြန်ဓားကိုမြင်ဖူးချင်ကြောင်းပြောခဲ့ပြီး ချန်အန်းကလည်းမဆိုင်းမတွ သဘောတူခဲ့သည်။

ပြန်လာတဲ့အခါ ချီအန်းနည်းနည်းလေးဝမ်းနည်းသလိုခံစားမိသည်။ဘာလို့ခံစားနေရမှန်းမသိပေမယ့် လီကျိုးရှီကိုမြင်တိုင်း သူ့စိတ်နဲ့ခန္ဓာထဲမှာမမြင်ရတဲ့တွန်းအားတစ်ခုရှိနေသလိုမျိုး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတတ်သည်။ထိုတွန်းအား‌တွေကသူ့စိတ်ထဲတွင်အော်ဟစ်နေသည်
_မင်းကသူမကိုချစ်တယ်!မင်းကလင်းကျိုးရှီကိုချစ်တယ်!သူမကမင်းကိုမချစ်ရင်တောင်မှပဲ မင်းကိုနွေးထွေးမှုပေးခဲ့တဲ့တစ်ဦးတည်းသောသူပဲ! မင်း သူမကိုချစ်တယ် !မင်းကသူမအတွက်ဘာမဆိုလုပ်ပေးချင်နေတာ!_

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now