1.2

3.4K 394 4
                                    

"လင်လင် နိုးပြီလား? မနက်စာစားကြရအောင်လေ
တနင်္လာနေ့မှာကျောင်းနောက်မကျစေနဲ့နော်" မားမားကုက တံခါးခေါက်ကာ နူးညံ့တဲ့အသံနဲ့ပြောလည်သည်။

"လာပါပြီဗျ"
ကုရီလင်ကကျောင်းဝတ်စုံကိုရှာကာဝတ်ဆင်လိုက်ပြီး တံခါးဖွင့်ကာ မားမားကုနဲ့အတူတူအောက်ထပ်ကိုဆင်းသည်။

ရိုးရှင်းပြီးပြေပစ်တဲ့ကုမေမေရဲ့မျက်နှာကိုသူငေးကြည့်နေသည်။နွေးထွေးတဲ့အပြုံးတွေနဲ့သူမက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ယောက်ပင်။အထူးသဖြင့် ကုရီလင်ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာ သူမမျက်နှာက မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေသည်။

ကုရီလင်ကမိဘမဲ့တစ်ဦးဖြစ်သည်။ တာဝန်တွေပြီးမြောက်အောင်လို့ကမ္ဘာအမျိုးမျိုးကို ဖြတ်သန်းသွားလာတဲ့အခါ သူက မိဘမဲ့ဖြစ်တာကြောင့် သူ့ကို ရိုးရိုးသားသားဆက်ဆံတဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံတဲ့အခါ ဒေတာလိုင်းလေးတစ်ခုဖြစ်နေပါစေ အရမ်းကိုတန်ဖိုးထားသည်။

ထမင်းစားပွဲမှာထိုင်နေစဉ် ကုရီလင်က ကုပါးပါးလုခွန်ဖန်းကိုတွေ့လိုက်သည်။ထိူလူကစိတ်ရှုပ်တဲ့ပုံစံဖြစ်သွားပေမယ့် ကောင်းကောင်းပြန်ထိန်းလိုက်ပြီးစာကြည့်မျက်မှန်နဲ့ ဒီနေ့ထုတ်သတင်းစာကိုသာဖတ်နေသည်။ကုမားမားက နို့ဆန်ပြုတ်တိုက်တဲ့အခါ ကုရီဟန်က နူးညံ့စွာပြုံးပြလိုက်သည်။အခြားသူတစ်ယောက်သာ ဒီနေရာမှာထိုင်နေပါက သူတို့ကအမှန်တကယ် ချစ်မြတ်နိုးကြတဲ့ စုံတွဲတစ်တွဲဟုသာပြောနိုင်သည်။မရေမတွက်နိုင်တဲ့ကမ္ဘာတွေကိုတွေ့ကြုံခဲ့ရတဲ့ ကုရီဟန်အတွက်ကတော့ ထိုလူ့မျက်လုံးထဲကအရာများကိုရှင်းရှင်းလင်းလင်းမြင်ရသည်။စက်ဆုပ်ရွံရှာခြင်းနဲ့ စိတ်ပျက်လက်ပျက်အမူအရာတွေ!

လုခွန်ဖန်းက နို့ဆန်ပြုတ်တစ်ဇွန်းကိုမျိုချလိုက်ပြီး ကုရီလင်ကိုမေးသည်။
"လင်လေး လတ်တလောစာသင်ရတာအဆင်ပြေလား? ခက်ခဲတာတွေကောကြုံရသေးလား?"
သူ့ပုံစံက သားဖြစ်သူစာကျက်မှုကိုဂရုစိုက်တဲ့အဖေကောင်းတစ်ယောက်နှင့်ဆင်သည်။

ကုရီလင်က ခေါင်းငုံ့လိုက်ပြီးစိုက်ကြည့်ကာပြန်ဖြေသည်။
"စာသင်ရတာနည်းနည်းလေးတော့ခက်ခဲပါတယ်…မား…ကျတော်ကျောင်းနဲ့နီးတဲနားမှာအခန်းတစ်ခုငှားပြီးနေချင်တယ်။အဲ့တာဆို ကျောင်းနဲ့လည်းနီးပြီးစာကျက်ဖို့အချိန်လည်းပိုရတာပေါ့"
ဆုံးဖြတ်ချက်တွေကိုကုမားမားကပဲဆုံးဖြတ်တာမို့ ကုရီဟန်က ကုမားမားကိုတိုက်ရိုက်မေးလိုက်သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now