1.4

3.1K 398 0
                                    

"ရပ်!"
ထိုလူက ရက်စက်သောမျက်နှာဖြင့် ဟောက်ပြီး

"ဒီလောင်ဇီရဲ့ပိုက်ဆံတွေကိုထားခဲ့လိုက် မဟုတ်ရင်မင်းဒီကာစီနိုထဲကထွက်ဖို့မစဉ်းစားနဲ့"

သူ့ပတ်ဝန်းကျင်က လူတွေက ရှုတ်ချတဲ့အကြည့်နဲ့ အော်သည်။ကုရီလင်ကသူ့ကိုမထီမဲ့မြင်ကြည့်လိုက်ပြီး
"ဘာလဲ? ကိုယ်တိုင်ကမကျွမ်းကျင်ဘဲလာဆော့ပြီးတော့ အခုဒီလိုလုယက်တာပေါ့လေ?ဒီလိုမျက်နှာပြောင်တိုက်တဲ့လူကိုတစ်သက်နဲ့တစ်ကိုယ်ပထမဆုံးမြင်ဖူးတာပဲ…"

"မင်းကကော…မင်းကကော ??ဒီလောက်ကျွမ်းကျင်နေတာကို ဘာမှမသိသလိုဟန်ဆောင်ပြီးတော့ ငါ့ပိုက်ဆံတွေအကုန်ခိုးသွားခဲ့တာလေ!!!"

"အိုး…ကျတော်လောင်းကစားမလုပ်တတ်ဘူးလို့များဘယ်တုန်းကပြောခဲ့မိလို့လဲ?ခင်ဗျားပိုက်ဆံတွေကိုခင်ဗျားကိုယ်တိုင်လိုလိုလားလားလာပေးတာလေ…"
ကုရီလင်ကအပြစ်ကင်းတဲ့အမူအရာနဲ့လက်ကာပြီးပြောလိုက်သည်။
"စဉ်းစားကြည့်လေ ကျတော်သာမဆော့တတ်ခဲ့ရင် ဒီနေ့မွဲတေသွားမယ့်သူကကျတော်ပဲဖြစ်မှာလေ!အဲ့အချိန်က ကျတော့ပိုက်ဆံတွေက ခင်ဗျားကပဲသိမ်းဖို့ကြံနေတာလေ"

သူကအမျိုးသားကောင်းကြီးလည်းမဟုတ်‌သလို ကောင်းကင်အပျိုစင်သမီးတော်မာရီရဲ့ကောင်းကင်တမန်လည်းမဟုတ်ပေ။ထို့ကြောင့်သူ့ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့သူ့ကိုချဉ်းကပ်လာတာမို့ဘာကြောင့်များသနားရမှာလဲ?

နွားရူးတစ်ကောင်လို မျက်လုံးနီရဲရဲတွေနဲ့ထိုလူကြီးက ကုရီလင်ကိုခုန်အုပ်ဖို့ရာပြေးလာသည်။

"ရပ်လိုက်!!ကာစီနိုဝိုင်းမှာ ရန်ဖြစ်တာကိုခွင့်မပြုဘူး!စည်းကမ်းဖောက်ဖျက်တဲ့လူတွေကို လွှင့်ပစ်လိုက်" သူတို့ဖြစ်ပျက်နေတာတွေကို ကြားတာမို့ မန်နေဂျာဖြစ်ဟန်တူသူက ကိစ္စတွေကိုရပ်တန့်ဖို့အတွက် အစောင့်သုံးယောက်နဲ့အမြန်လမ်းလျှောက်လာခဲ့သည်။

ကုရီလင်က ထိုသုံးယောက်ကိုကျော်ကြည့်လိုက်သည်။မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်အရ ထိုထဲကတစ်ဦးက ရှန်ကျင်းလင်ဖြစ်သည်။

ထိုသူ့ကိုပထမဆုံးတွေ့တဲ့အချိန်တည်းက ကုရီလင်က သူနဲ့အတူအိပ်ချင်စိတ်ဖြစ်ခဲ့သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now